ထိပ်ပြောင်ခြင်း ဆံပင်ကျွတ်ခြင်းစတဲ့လက္ခဏာတွေဟာ အမျိုးသားအများစုကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ထိပ်ပြောင်စေတဲ့ အကြောင်းအရင်းတွေများစွာရှိပြီး အသက်အရွယ် အရထိပ်ပြောင်ခြင်း မျိုးရိုးဗီဇအရထိပ်ပြောင်ခြင်းတို့အပြင် မှားယွင်းတဲ့ လူနေမှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီနေ့မှာတော့ ကြည့်ရဆိုးပြီး လူတိုင်းမလိုချင်တဲ့ ထိပ်ပြောင်ခြင်းပြဿနာကို အကောင်းဆုံးကာကွယ်ဖြေရှင်းပေးနိုင်မယ့် စူပါအစားအစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဟင်းနုနွယ်

ထိပ်ပြောင်ခြင်းကိုကာကွယ်နိုင်တဲ့အစားအစားတစ်ခုက ဟင်းနုနွယ်ပဲဖြစ်ပါတယ်။ ဟင်းနုနွယ်ရွှက်မှာ ဗီတာမင်ဓာတ် သံဓာတ် ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင် ကျွတ်ခြင်း ထိပ်ပြောင်ခြင်းတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်ဟင်းနုနယ်ရွှက်မှာ Omega-3 Acid မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်းအချိုးကျကျပါဝင်နေပြီး ဆံသားနဲ့ ဦးရေးပြားကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

(၂) မုလာဥနီ

မုလာဥနီက မျက်စိကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအ စာတစ်ခုအဖြစ် တော်တော်များများသိထားကြပါတယ်။ မုလာဥနီမှာ ဗီတာမင်အေဓာတ် အမြောက်အများပါဝင်တာကြောင့် မျက်စိအတွက် သာမက ဆံကေသာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဗီတာမင်အေက ဦးရေပြားခြောက်သွေ့ယားယံခြင်းတွေကိုပျောက်ကင်း သက်သာစေပြီး ထိပ်ပြောင်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။

(၃) ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများ

ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းတွေစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း ဗီတာမင် B12 ဇင့် သံဓာတ်နဲ့ Omega 6 fatty acids ဓာတ်တို့ကိုရရှိစေပါတယ်။ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ကြက်ဥ ဘဲဥ ဒိန်ချဉ် ချိစ် နွားနို့တွေဟာ ဗီတာမင် B12 ဓာတ်ရရှိစေတဲ့ အဓိကအရင်းအမြစ်တွေဖြစ်ပြီး ဗီတာမင် B12 ကဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းကို အထိရောက်ဆုံးကာကွယ်ပေးတာဖြစ်ပါတယ်။

(၄) အုတ်ဂျုံ

ကိုယ်အလေးချိန်ကျချင်သူတွေ စားလေ့ရှိတဲ့ အုတ်ဂျုံက ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းအတွက်လည်း အထိရောက် ဆုံးကာကွယ်ပေးနိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။အုတ်ဂျုံမှာ အမျှင်ဓာတ် သွေးတွင်း ကိုလက်စထရောကိုကျစေတဲ့ ကောင်းမွန်တဲ့ အဆီဓာတ်များပါဝင်တာကြောင့် ဆံကေသာကိုနက်မှောင်သန်စွမ်းစေပြီး ဆံပင်အုံထူစေကာ တော်ရုံဆံပင်ကျွတ်တာတွေ ဖြစ်မလာအောင်ကာကွယ်ပေးပါတယ်။

(၅) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးတွေဟာ စီလီကာဓာတ်အင်မတန်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။စီလီကာဓာတ်ဟာ ဦးရေးပြားနဲ့ ဆံကေသာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တာကြောင့် စတော်ဘယ်ရီသီးစားသုံးခြင်းဖြင့် ဦးရေးပြားနဲ့ ဆံသားကို အားကောင်းစေမှာ ဖြစ်ပါတယ်။ ဆန် အုတ်ဂျုံ ကြက်သွန်နီ ပန်းဂေါ်ဖီ သခွားသီးစတဲ့ အစားအစာတွေကလည်း စီလီကာဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့ မဖြစ်မနေစားသုံးပေးသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။