ရာသီဥတု ပူပြင်းတဲ့နေရာဒေသကလူတွေကတော့ မနက်နဲ့ ညဘက်မှာရေချိုးလေ့ရှိပါတယ်။ ရေချိုးတာက ခန္ဓာကိုယ်ကို အေးမြ လန်းဆန်းစေရုံ တင်မကဘဲ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

မနက်ခင်းမှာ ရေချိုးပေးရင်

မနက်ခင်းမှာ ရေချိုးပေးရင် လူကို နိုးကြားစေပြီး စိတ်အာရုံစူးစိုက်မှုတွေကို ပိုကောင်းစေပါတယ်။ အကယ်၍ ကိုယ်က မနက်ပိုင်း လေ့ကျင့်ခန်း လုပ်တတ်သူ၊ Gym ဆော့တတ်သူဆိုရင်လည်း Gym ဆော့ပြီးနောက် ခန္ဓာကိုယ်မှာပေကျန်နေတဲ့ ချွေးတွေ၊ အဆီတွေကို ဖယ်ရှားပေးရာလည်း ရောက်ပါတယ်။

အရေပြားဆရာဝန် Dr. Joel Schlessinger က နေ့တစ်နေ့ကို မစခင်မှာ မျက်နှာသစ်၊ ရေချိုးပေးတာမျိုး လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

ညဘက်မှာ ရေချိုးပေးရင်

ညဘက်မှာရေချိုးပေးရင် ကောင်းမွန်တဲ့ အိပ်စက်မှုကို ရရှိစေပါတယ်။

အပြင်ဘက်မှာ သွားလာလှုပ်ရှားနေတာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ အလက်ဂျစ်ဖြစ်စေတဲ့ အမှုန်တွေ နဲ့ တခြား ဖုန်တွေသဲတွေက ခန္ဓာကိုယ်မှာ ကပ်ငြိလာပါတယ်။ ဒါတွေက အရေပြား ကျန်းမာရေးကို ထိခိုက်စေရုံသာမကဘဲ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ဒါ့ကြောင့် ညအိပ်ခင်မှာ ရေချိုးဖို့က အရေးကြီးပါတယ်။ ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ မကောင်းတဲ့ အမှုန်တွေဓာတ်တွေကို သန့်စင်အောင် လုပ်ဆောင်ပေးနိုင်ပြီး ၈ နာရီလုံးလုံး ကျန်းမာ သန့်ရှင်းစွာနဲ့အိပ်စက်အနားယူနိုင်မှာဖြစ်ပါတယ်။

အသားအရေ ထိန်းသိမ်းပေးဖို့အတွက်လည်း ကောင်းမွန်

ညနေဘက် အလုပ်ကနေ ပြန်ရောက်ပြီး ရေချိုးပေးပြီးနောက် အသားအရေ ထိန်းသိမ်း (Skin Care) လုပ်ဆောင်ပေးရင်လည်း ပိုပြီး ထိရောက်မှုရှိပါတယ်။