ဆံပင်ဆိုတာဟာ မိန်းကလေးတိုင်းအတွက် ဒုတိယမျက်နှာအနေနဲ့ ယူဆနိုင်ပါတယ်။ ဒီလိုအရေးကြီးတဲ့ ဆံပင်ပေါ်မှာပဲ အမျိုးသမီးအများစုဟာ အချိန်တွေ၊ ပိုက်ဆံနဲ့ အားစိုက်ထုတ်မှုတွေ အများကြီးအကုန်အကျခံလေ့ရှိကြပါတယ်။

တခြားကောင်မလေးတွေကြည့်လိုက်ရင် ဆံပင်အုံထူထူနဲ့ မည်းနက်တောက်ပနေပါသလား။ ကိုယ်လည်း သူတို့လည်း ဆံပင်မျိုးလိုချင်ပေမယ့် အရှည်ကအင်မတန်နှေးနေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေသုံးကြည့်လိုက်ပါ။

အာလူးအရည်

Source: chd.in

ဗီတာမင်တွေချို့တဲ့တာကြောင့် တဖြည်းဖြည်းပါးသထက်ပါးလာပြီး ပျက်စီးစပြုလာတဲ့ သင့်ဆံကေသာအတွက် အာလူးကိုသုံးပေးနိုင်ပါတယ်။

အာလူးကို အရည်ညှစ်ပြီးရလာတဲ့အရည်ကို ဆံပင်မှာ သုတ်လိမ်းကာ ၁၅ မိနစ်ထားပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ခေါင်းလျှော်လိုက်ပါ။

ကြက်သွန်နီအရည်

Source: beautyscara.com

ကိုယ့်ရဲ့အိမ်မီးဖိုချောင်မှာရှိတဲ့ ကြက်သွန်နီသုံးလုံးခန့်ကိုယူကာ အရည်ညှစ်ထုတ်ပါ။ ရလာတဲ့အရည်ကို ဆံပင်မှာလိမ်းပြီး ဦးရေပြားကို ဖြည်းဖြည်းညှင်သာစွာ နှိပ်ပေးပါ။ အနည်းဆုံး နာရီဝက်လောက်လုပ်ပြီးရင် ရေနွေးနွေးနဲ့ ခေါင်းလျှော်ပါ။

ကြက်ဥ

Source: www.medicalnewstoday.com

ဆံပင်အရှည်မြန်ဖို့အတွက် ကြက်ဥသုံးလုံးကို အနှစ်သက်သက်၊ အကာသက်သက်ခွဲကာ နာရီဝက်စောင့်ပါ။ ပြီးရင် အကာတွေကို ဆံပင်မှာသုတ်လိမ်းပြီး ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။

ငါးကြီးဆီ

အိုမီဂါသရီးနှင့် အိုမီဂါဆစ် ဖက်တီးအက်စစ်တို့ အလွန်ကြွယ်ဝတဲ့ ငါးကြီးဆီကလည်း ဆံကေသာကို ကျန်းမာသန်စွမ်းကာ နက်မှောင်တောက်ပြောင် စေပါတယ်။ ငါးကြီးဆီကိုတော့ အစားစားတဲ့အခါ ထည့်သွင်းစားသုံးပေးပါက အချိန်တိုအတွင်းမှာ ဆံကေသာလှပလာတာကို မြင်ရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်

ဆံကေသာကို အားဖြည့်ပေးပြီး ဆံပင်ကျွတ် သက်သာစေရန်အတွက် ရှားစောင်းလက်ပတ်အနှစ်ကို သံပုယိုရည်အနည်းငယ်နဲ့ရောကာ ဆံပင်မှာသုတ်လိမ်းပေးပါ။ ၁၅ မိနစ်ပြည့်ပါက ခေါင်းလျှော်ပါ။ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်ပြုလုပ်ပေးပါ။