ဝိတ်လျှော့တာ၊ ကယ်လိုရီတွက်တာ၊ နာရီပေါင်းများစွာလေ့ကျင့်ခန်းလုပ်တာ စတာတွေကို အမျိုးမျိုးလုပ်ပေးပြီးတာတောင်မှ ရလဒ်ကောင်းတွေ ထွက်မလာသေးလို့ စိတ်ပျက်အားငယ်နေပြီလား။

ဒါဆိုရင်တော့ ဒီလိုအဆီပိုတွေ ဘယ်လိုနည်းနဲ့မှ မဖယ်ရှားနိုင်တဲ့ဖြစ်နိုင်ခြေကတော့ အစားအသောက်နဲ့လေ့ကျင့်ခန်းတွေမဟုတ်ဘဲ တခြားအရာတွေဖြစ်နိုင်လို့ သိရှိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဟော်မုန်းအပြောင်းအလဲများ

အမျိုးသမီးတစ်ယောက်ရဲ့ဘဝတစ်လျှောက်လုံးမှာ အပျိုဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် ရာသီလာချိန်တို့လို အရာတွေကြောင့် ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေအကုန်လုံးက ဇီဝဖြစ်စဉ်ကိုလွှမ်းမိုးလာနိုင်ကာ တခါတလေမှာ ကိုယ်အလေးချိန်တက်အောင်ပင် လုပ်ဆောင်နိုင်ပါတယ်။

၂။ အသီးအများကြီးစားခြင်း

အသီးတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေဆိုပေမယ့်လည်း အချို့အသီးအနှံတွေမှာ ကယ်လိုရီတွေ၊ သကြား၊ ဂလူးကို့စ်၊ fructose နှင့် sucrose တို့ အမြောက်အမြားပါဝင်ပါတယ်။ ထိုအသီးအနှံတွေ အများကြီးစားမိတာကလည်း ကိုယ်အလေးချိန်မလျော့ကျတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။

၃။ ကျန်းမာရေးပြဿနာများ

ကိုယ်အလေးချိန်တက်တာဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာ အဆိပ်အတောက်များ၊ ဝမ်းချုပ်ခြင်း စတဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

၄။ ဆေးဝါးများ

စိတ်ကျဆေးများ၊ တားဆေးများ၊ steroid များ စတဲ့ဆေးဝါးတွေကို သောက်သုံးခြင်းကလည်း သုံးစွဲသူများကို ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ ဒါကြောင့် သောက်သုံးမယ့်ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်လေ့လာပြီး သောက်ပြီးနောက်မှာလည်း ဘယ်လိုခံစားရလဲဆိုတာ အာရုံစိုက်ပါ။ အချိန်ကြာလို့ ကိုယ်အလေးချိန်တက်လာပြီဆိုရင် ဆေးပြောင်းသောက်ပါ။

၅။ စိတ်အလိုကျအလွန်အကျွံစားသုံးခြင်း

စိတ်ဖိစီးမှုတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုဆိုပေမယ့်လည်း ထင်ထားတာထက် သင့်ရုပ်ရည်အသွင်အပြင်ပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ ပင်ပန်းလို့၊ လိုအပ်မှုတွေရှိလို့၊ စိတ်ဓာတ်ကျလို့ စသဖြင့် အကြောင်းအရင်းအမျိုးမျိုးပြကာ အစားအသောက်ပေါ် မှီခိုနိုင်ပါတယ်။

၆။ စိတ်ဖိစီးမှုတွေ

စိတ်ရှုပ်ထွေးမှုတွေများလာတဲ့အခါ အစာစားချင်စိတ်လည်းပျောက်ကာ ကိုယ်အလေးချိန်လျော့ကျမယ်လို့ အချို့လူတွေက တွေးတတ်ကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ခန္ဓာကိုယ်ကစိတ်ဖိစီးမှုတွေ များလာတဲ့အခါ အစာစားချင်စိတ်ကိုမြှင့်တင်ပေးတဲ့ ဟော်မုန်းတစ်ခုဖြစ်သည့် cortisol ကို ပိုမိုထုတ်လုပ်ပေးလို့ ဝိတ်တက်လာနိုင်ပါတယ်။

၇။ အိပ်ရေးမဝခြင်း

ကိုယ်အလေးချိန်တက်လာခြင်းနဲ့ အိပ်ရေးမဝခြင်းတို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိနေတယ်လို့ သုတေသီများက ဖော်ပြထားပါတယ်။ တနေ့လျှင် အိပ်ချိန်ခြောက်နာရီအပြည့်မရရှိသူများဟာ တနှစ်လျှင် ၁၁ ပေါင်တက်လို့ အိပ်ရေးဝအောင် ကြိုးစားအိပ်စက်ပါ။