မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် လက်ကြမ်းနေတာမျိုးတွေ၊ ဂျီးတက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာတွေသက်သာစေဖို့ အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်လို့ရမယ့် အိမ်တွင်းဖြစ်နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ လူတိုင်းအတွက် လုပ်ရတာအဆင်ပြေပြီး လွယ်ကူစေမယ့် နည်းလမ်းနှစ်မျိုးကို ရွေးချယ်ပေးလိုက်ပါတယ်။

သံလွင်ဆီနဲ့ ဆား

သံလွင်ဆီနဲ့ ဆားကတော့ အိမ်တိုင်းမှာရှိမှာပါ။ ဆားကိုတော့ ဟင်းချက်တဲ့ဆားမသုံးပဲ ဆားကြမ်းတွေ၊ ပင်လယ်ဆားတွေကို သုံးပေးပါ။

ပြုလုပ်ရမယ့်ပုံစံကတော့ သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းကို ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရောပြီး ကြမ်းတမ်းနေတဲ့လက်နဲ့ ချေးတက်နေတဲ့ လက်နေရာတွေမှာ အသာလေးပွတ်ပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး Hand Cream (သို့) Lotion လိမ်းပေးလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက ကြမ်းတမ်းနေတဲ့လက်တွေကို နူးညံ့လာစေပြီး လက်မှာရှိနေတဲ့ ချေးတွေကိုလည်း သန့်စင်သွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးပါ။

ပဲမှုန့်နဲ့ ရှားစောင်းလတ်ပတ်

ပဲမှုန့်နဲ့ ရှားစောင်းလတ်ပတ်ကတော့ အိမ်တိုင်းမှာမရှိတောင် ရှာရတာလွယ်ကူပါတယ်။

ပြုလုပ်ရမယ့်ပုံစံကတော့ ပဲမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရှားစောင်းလတ်ပတ်ဂျယ်လ် – စားပွဲတင်ဇွန်းတစ်ဇွန်းစာနဲ့ ရောမွှေပြီး လက်မှာပွတ်လိမ်းပေးရပါမယ်။ ပွတ်မလိမ်းခင်မှာ လက်ကိုရေအရင်စွတ်ပေးထားဖို့ လိုပါတယ်။ ဒီလိုလုပ်ပေးတာကလည်း ကြမ်းတမ်းနေတဲ့လက်တွေကို နူးညံ့လာစေပြီး လက်မှာရှိနေတဲ့ ချေးတွေကိုလည်း သန့်စင်သွားစေပါတယ်။

အခုပြောပြပေးသွားတဲ့ နည်းလမ်းနှစ်မျိုးထဲက ကိုယ်နဲ့အဆင်ပြေတာတစ်ခုကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ အားလုံးပဲကျန်းမာလှပပြီး နူးညံ့တဲ့ လက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Photo Source: www.womensok.com