ကြက်သွန်ဖြူကိုစားပေးတာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကို တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ ဝိတ်ကျချင်တဲ့သူတွေအတွက်လည်း ကြက်သွန်ဖြူက အသုံးဝင်ပါသေးတယ်။ ဒါကြောင့် ပိုက်ဆံလည်းမကုန်ပဲ အိမ်မှာရှိတဲ့ ကြက်သွန်ဖြူနဲ့ သဘာဝအတိုင်းဝိတ်ကျသွားအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ပထမနည်းလမ်းတစ်မျိုးကတော့ မနက်တိုင်းမှာ ကြက်သွန်ဖြူ – သုံးတက်ကိုစားပြီး သံပုရာရည်တစ်ခွက်ကို သောက်ပေးပါ။ နေ့တိုင်းသောက်ပေးမယ်ဆိုရင်တော့ သုံးပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။ သံပုရာကို မနက်ပိုင်းအစာမစားခင်မှာသောက်ရင် အစာအိမ်ထိခိုက်နိုင်လို့ အစာနည်းနည်းလေးစားပြီးမှ သောက်ပေးပါ။

နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ ကြက်သွန်ဖြူတွေကို အရည်ညှစ်ချပြီး သောက်ပေးတာပါ။ ကြက်သွန်ဖြူကို အရည်ညှစ်ချပြီး ရလာတဲ့အရည်ကို တစ်နေ့တစ်ခွက် မနက်တိုင်းသောက်ပေးတာက လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းပါ။ ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ သိသိသာသာကို ဝိတ်ကျသွားစေမှာပါ။

ကိုယ်ကြိုက်နှစ်သက်ရာနည်းလမ်းတစ်မျိုးကိုပဲ့ စွဲပြီးလုပ်ပေးပါ။

Photo Source: www.womensok.com