မြင်းခွာရွက်ပင်လေးတွေက သေးနေပေမယ့် ဆေးဘက်ဝင်မှုကတော့ အံ့မခန်းပါဘဲ။ မြန်မာနိုင်ငံမှာလည်း ဆေးဘက်ဝင် အပင်အဖြစ် စားသုံးကြသလို တရုတ်တိုင်းရင်းဆေးတွေမှာလည်း အသုံးပြုကြတာများပါတယ်။

gotu-kola-centella-asiatica-Napat-Chaichanasiri

မြင်းခွာရွက်

မြင်းခွာရွက်တွေက ပင်စည်သေးပြီး အရွက်ကြီးများပြီး အရွက်တွေက အဝိုင်းပုံစံရှိပါတယ်။ မြင်းခွာရွက်တွေကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိကြပြီး သိပ္ပံနာမည်ကတော့ Hydrocotile Asiatica လို့ ခေါ်ပါတယ်။ မြင်းခွာရွက်ကို နိုင်ငံတွေမှာ တိုင်းရင်းဆေးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ထောင်ကတည်းက အသုံးပြုခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

sirve-la-centella-asiatica-500x334

မြင်းခွာရွက်ရဲ့ ဂုဏ်သတ္တိများ

မြင်းခွာရွက်မှာ Antioxidant၊ ရောင်ရမ်းတာကို ကျစေတဲ့ ဓာတ်တွေ၊ ခုခံအားကောင်းပြီး အနာကို အမြန်ကျစေတဲ့ ဓာတ်တွေနဲ့ Antimicrobial ဓာတ်တွေပါဝင်ပါတယ်။

အနာကြီးရောဂါတွေကိုလည်း မြင်းခွာရွက်တွေနဲ့ ကုခဲ့ကျတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင်

  • ပြည်တည်နာ
  • သွေးအားနည်း
  • ချောင်းဆိုးရင်ကျပ်
  • သွေးတိုး
  • ဝမ်းပျက်ဝမ်းလျှော ရောဂါတို့ကိုလည်း သက်သာစေပါတယ်။

အဲ့ဒီအပြင် မြင်းခွာချက်က အပူလောင်တာတွေနဲ့ အနာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။

အသားအရေသာမက ဆံပင်နဲ့ လက်သည်းကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

သဘာဝဆေး

မြင်းခွာရွက်က သွေးကြောတွေကို ပျော့ပျောင်းစေတာကြောင့် သွေးတိုးရောဂါရှိသူတွေနဲ့ သွေးအတွင်း ကိုလက်စထရော ဓာတ်များတဲ့သူတွေအတွက် သင့်တော်ပါတယ်။

ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

ဒါကြောင့် အဝလွန်တဲ့သူတွေ နဲ့ ဆီးနဲ့ ကျောက်ကပ် ပြဿနာရှိသူတွေအတွက် စားပေးသင့်ပါတယ်။

Centella-Asiática

အာရုံစိုက်နိုင်မှုနဲ့ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဓာတ်တွေပါဝင်တာကြောင့် အသက်ကြီးလာလေလေ ပိုစားသင့်လေပါဘဲ။

အထူးသဖြင့် အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုသက်သာဖို့အတွက် စားပေးသင့်ပါတယ်။

ဒါကြောင့် မြင်းခွာရွက်ကို ဖျော်ရည်ဖျော်သောက်တာဘဲဖြစ်ဖြစ် အသုပ်သုတ်စားတာဘဲဖြစ်ဖြစ် တစ်ပတ်ကို ၁ ကြိမ်လောက် အနည်းဆုံး စားပေးသင့်ပါတယ်။