လေဖြတ်တယ်ဆိုတာဟာ ဦးနှောက်ထဲကို သွေးရောက်ရှိမှုမှာ အနှောင့်အယှက်ဖြစ်သွားတာ၊ လျော့သွားတဲ့အချိန်မှာ ဦးနှောက်တစ်ရှူးတွေ အောက်စီဂျင်နဲ့ အစာအာဟာရ ရရှိမှု လျော့နည်းသွားပါတယ်။

ဦးနှောက်တစ်ရှူးတွေ အောက်စီဂျင်နဲ့ အာဟာရ မရဘဲ မိနစ်ပိုင်းအတွင်းမှာတင် ဦးနှောက်ဆဲလ်တွေ သေဆုံးနိုင်ပါတယ်။

လေဖြတ်ရာမှာ ဆောလျင်စွာ ကုသနိုင်ဖို့က အရမ်းကို အရေးကြီးပါတယ်။ စောစောကုသနိုင်လေလေ ဦးနှောက်ထိခိုက်မှုကို လျော့နည်းလေဖြစ်ပါတယ်။

သတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာများ

စကားပြောရတာ အခက်အခဲဖြစ်လာခြင်း၊ နားလည်ရခက်လာခြင်း

စကားပြောရတာ လျှာလိပ်လာမယ်၊ ပြောတဲ့စကားတွေ ပလုံးပထွေးဖြစ်လာတတ်ပါတယ်။

မျက်နှာ၊ လက်မောင်း၊ ခြေထောက်မှာ ထုံကျင်လာမယ် သို့ မလှုပ်ရှားနိုင်

ရုတ်တရပ် မျက်နှာ၊ လက်မောင်း၊ ခြေထောက်တွေမှာ ထုံကျင်လာမယ် သို့ မလှုပ်ရှားနိုင်ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုးက ခန္ဓာကိုယ်ရဲ့ တစ်ဖက်တည်းဘဲဖြစ်တတ်ပါတယ်။

လက်မောင်းနှစ်ဖက်လုံးကို တစ်ချိန်တည်းမှာ မြှောက်ကြည့်ပါ။ အကယ်၍ တစ်ဖက်ကမမြှောက်နိုင်တော့ဘူး၊ မြှောက်ရင်းပြုတ်ကျကျနေရင် သင်ဟာ လေဖြန်းနေပါပြီ။ ပြုံးတဲ့အခါမှာလည်း ပါးစပ်တစ်ဖက်က စောင်းနေရင်လည်း လေဖြန်းနေပါပြီ။ ဆေးရုံသာ အမြန်ဆုံးသွားပါ။

မျက်လုံး တစ်ဖက် သို့ နှစ်ဖက်လုံးနဲ့ ကြည့်တဲ့အချိန်မှာ ပြဿနာရှိနေရင်

မျက်လုံး တစ်ဖက် သို့ နှစ်ဖက်လုံးမှာ ချက်ခြင်း မျက်လုံး ဝေဝါးသွားတာ၊ လူနှစ်ယောက်မြင်တာတို့ ဖြစ်နေရင် လေဖြတ်နိုင်ပါတယ်။

ခေါင်းကိုက်

ရုတ်တရပ် ခေါင်းထိုးကိုက်၊ အော့အန်တာ၊ မူးဝေတာတို့ဖြစ်နေရင်လည်း လေဖြတ်နိုင်ပါတယ်။

လမ်းမလျှောက်နိုင်တော့တာ

လမ်းလျှောက်ရင် တစ်ဖက်စောင်းနေတာ၊ မူးဝေတာ တွေဖြစ်နေရင်လည်း လေဖြတ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆေးရုံ၊ဆေးခန်း ချက်ခြင်းသွားရမလဲ။

ဆေးပညာရှင်တွေကတော့ “FAST” ကို စဉ်းစားပြီး လုပ်ဆောင်ဖို့ ပြောထားပါတယ်။

Face (မျက်နှာ) : လူနာကို ပြုံးခိုင်းပါ။ မျက်နှာတစ်ဖက်က မပြုံးနိုင်တော့ရင်။

Arms (လက်မောင်း) : လူနာကို လက်မောင်း ၂ ဖက်လုံးမြှောက်ဖို့ ပြောပါ။ အကယ်၍ တစ်ဖက်ကမမြှောက်နိုင် အောက်ပြန်ပြုတ်ကျနေရင်။

Speech (စကားပြော) : သာမန်ရိုးရှင်းတဲ့ စာကြောင်းတွေကို ပြောခိုင်းပါ။ အကယ်၍ ပလုံးပထွေး၊ လျှာလိပ်နေရင်

အချိန် (Time) : ဒီလို လက္ခဏာတွေတွေ့နေရင် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားပါ။

Credit: Mayo Clinic