[Unicode]
ရွှေဖရုံသီးကို ထန်းလျက်နဲ့ ပြုတ်စားစား သကြားနဲ့ ပြုတ်စားစား ကျွန်မကတော့ အရမ်းကြိုက်ပါတယ်။ စာဖတ်သူတို့ကော ဘယ်လိုလုပ်စားရတာကြိုက်ကြလဲမသိဘူး။
ဘာလိုပဲဖြစ်ဖြစ်ပါ။ ရွှေဖရုံသီးစားတာဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ်။ ဒီတော့ ရွှေဖရုံသီးရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်အလေးချိန်
ရွှေဖရုံသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေဖရုံသီး တစ်ခွက်စာမှာ ကယ်လိုရီ ၅၀ ပဲပါဝင်ပြီး အမျှင်ဓါတ် ၃ ဂရမ်တောင်ပါဝင်တာပါ။ လေ့ကျင့်ခန်းလိုက်စားတဲ့သူအတွက်လည်း အဟာရပြည့်ဝတာမို့ စားပေးသင့်ပါတယ်။
အမြင်အာရုံ
ရွှေဖရုံသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသားရေ၊ သွားနဲ့ အရိုးကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။
သွေးတိုး
သွေးတိုးရှိသူတွေအတွက်လည်း ဓါတ်ဆာတစ်မျိုးအဖြစ်သားသုံးပေးသင့်ပါတယ်။ ရွှေဖရုံသီးကို ပုံမှန် ၁၂ ပတ်လောက်စားပေးရုံနဲ့ သွေးတိုးသမားတွေအတွက် သွေးတိုးကျစေပါတယ်။
အိပ်စက်ခြင်း
ရွှေဖရုံသီးစေ့ကို အိပ်ဆေးလို့တောင်တင်စားကြပါတယ်။ ဒီနေ့ခေတ်မှာ အလုပ်ပင်ပန်းတာ စိတ်ဖိစီးမှုများတာတွေ ဂိမ်းဆော့တာ ဖုန်းသုံးတာတွေ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကောင်းကောင်းအိပ်မပျော်ကြပါဘူး။ ရွှေဖရုံသီး (သို့) ရွှေဖရုံစေ့ကို အိပ်ယာမဝင်ခင်စားပေးတာဟာ အိပ်ရေးဝစေပါတယ်။
နှလုံး
ရွှေဖရုံသီးမှာပါဝင်တဲ့အမျှင်ဓါတ်ဟာ နှလုံးကျန်းမာရေးအတါက်များစွာအထောက်အကူပြုပါတယ်တဲ့။ ယခင် ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုကရော မကြာသေမီက ဆွီဒင်နိုင်ငံက သုတေသီတွေရဲ့လေ့လာမှုတွေအရရော ရွှေဖရုံသီးကို ပုံမှန်စားပေးတာဟာ နှလုံးရောဂါဖြစ်ပွားမှုကို ၂၅%ကနေ ၄၀ % ထိလျှော့ချပေးတယ်လို့ဆိုပါတယ်။
[Zawgyi]
ေရႊဖရံုသီးကို ထန္းလ်က္နဲ႔ ျပဳတ္စားစား သၾကားနဲ႔ ျပဳတ္စားစား ကၽြန္မကေတာ့ အရမ္းႀကိဳက္ပါတယ္။ စာဖတ္သူတို႔ေကာ ဘယ္လိုလုပ္စားရတာႀကိဳက္ၾကလဲမသိဘူး။
ဘာလိုပဲျဖစ္ျဖစ္ပါ။ ေရႊဖရံုသီးစားတာဟာ က်န္းမာေရးကုိ မ်ားစြာအေထာက္အကူျပဳေစပါတယ္။ ဒီေတာ့ ေရႊဖရံုသီးရဲ့ အက်ိဳးေက်းဇူးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။
ကိုယ္အေလးခ်ိန္
ေရႊဖရံုသီးမွာ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ ေရႊဖရံုသီး တစ္ခြက္စာမွာ ကယ္လိုရီ ၅၀ ပဲပါ၀င္ၿပီး အမွ်င္ဓါတ္ ၃ ဂရမ္ေတာင္ပါ၀င္တာပါ။ ေလ့က်င့္ခန္းလိုက္စားတဲ့သူအတြက္လည္း အဟာရျပည့္၀တာမို႔ စားေပးသင့္ပါတယ္။
အျမင္အာရံု
ေရႊဖရံုသီးမွာ ဗီတာမင္ A ၾကြယ္၀စြာပါ၀င္လို႔ အျမင္အာ၇ံုကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ အသားေရ၊ သြားနဲ႔ အရိုးက်န္းမာေရးအတြက္လည္းေကာင္းမြန္ပါတယ္။
ေသြးတိုး
ေသြးတိုးရွိသူေတြအတြက္လည္း ဓါတ္ဆာတစ္မ်ိဳးအျဖစ္သားသံုးေပးသင့္ပါတယ္။ ေရႊဖရံုသီးကို ပံုမွန္ ၁၂ ပတ္ေလာက္စားေပးရံုနဲ႕ ေသြးတိုးသမားေတြအတြက္ ေသြးတိုးက်ေစပါတယ္။
အိပ္စက္ျခင္း
ေရႊဖရံုသီးေစ့ကို အိပ္ေဆးလို႔ေတာင္တင္စားၾကပါတယ္။ ဒီေန႔ေခတ္မွာ အလုပ္ပင္ပန္းတာ စိတ္ဖိစီးမႈမ်ားတာေတြ ဂိမ္းေဆာ့တာ ဖုန္းသံုးတာေတြ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေကာင္းေကာင္းအိပ္မေပ်ာ္ၾကပါဘူး။ ေရႊဖရံုသီး (သို႕) ေရႊဖရံုေစ့ကို အိပ္ယာမ၀င္ခင္စားေပးတာဟာ အိပ္ေရး၀ေစပါတယ္။
ႏွလံုး
ေရႊဖရံုသီးမွာပါ၀င္တဲ့အမွ်င္ဓါတ္ဟာ ႏွလံုးက်န္းမာေရးအတါက္မ်ားစြာအေထာက္အကူျပဳပါတယ္တဲ့။ ယခင္ ဟားဗတ္တကၠသိုလ္ရဲ့ ေလ့လာမႈတစ္ခုကေရာ မၾကာေသမီက ဆီြဒင္ႏိုင္ငံက သုေတသီေတြရဲ့ေလ့လာမႈေတြအရေရာ ေရႊဖရံုသီးကို ပံုမွန္စားေပးတာဟာ ႏွလံုးေရာဂါျဖစ္ပြားမႈကို ၂၅%ကေန ၄၀ % ထိေလွ်ာ့ခ်ေပးတယ္လို႔ဆိုပါတယ္။