သွေးအတွင်း သကြားဓာတ်များတာက ဆီးချို ရောဂါသည်တွေဘဲ အဖြစ်များတယ်လို့ ထင်နေကြတတ်ပါတယ်။ အဲ့ဒါက မဟုတ်ပါဘူး။ လူတိုင်းက သွေးအတွင်း သကြား ဓာတ်များနိုင်ပြီး သတိမထားမိနိုင်ခင်မှာဘဲ အာရုံကြော၊ သွေးကြောတွေနဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။
တစ်ချိန်လုံး ဗိုက်ဆာနေ
သွေးအတွင်း သကြား ဓာတ်တွေမြင့်မားနေရင် ကလူးကို့စ်တွေကို ဆဲလ်တွေအတွင်းဝင်ရောက်ဖို့ တားဆီးနေပါလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်က စွမ်းအင်တွေ မရတော့ဘဲ အမြဲလိုလို အစာစားချင်စိတ်ဖြစ်ပေါ်ပါလိမ့်မယ်။ ဗိုက်ဆာတော့ သကြားဓာတ်များတဲ့ အသင့်စား အစားအစာတွေစားဖြစ်နဲ့ လုံးလည်ချာလည်လိုက်နေပါလိမ့်မယ်။
မောပန်းနွမ်းနယ်နေ
သွေးအတွင်း သကြား ဓာတ်တွေမြင့်မားနေရင် ခန္ဓာကိုယ်က ကလူးကို့စ်တွေကို ကောင်းကောင်း မသိမ်းဆည်းထားနိုင်၊ မစုပ်ယူနိုင်တော့ပါဘူး။ စွမ်းအင်တွေ မလုံလောက်တော့ဘဲ အမြဲတမ်းပင်ပန်းနေသလို ခံစားရပါလိမ့်မယ်။
ဆီးခဏခဏ သွားနေလိမ့်မယ်
သကြားဓာတ်မြင့်မားနေတဲ့အခါမှာ ကျောက်ကပ်က အရည်တွေ စုပ်ယူနိုင်မှု အားနည်းသွားပါမယ်။ ဒါကြောင့် ခန္ဓာကိုယ်က သွေးအတွင်းနဲ့ ဆဲလ်တွေမှာရှိတဲ့ ကလူးကို့စ် ပမာဏကို ထိန်းညှိပေးတာကြောင့် သွေးထဲရှိ Interacellular အရည်တွေ စုပ်ယူပါလိမ့်မယ်။ ဒီအကြောင်းကြောင့် ဆီးခဏခဏ သွားတာဖြစ်ပါတယ်။
အာဂေါင်တွေခြောက်မယ်၊ ရေဆာမယ်
ခန္ဓာကိုယ်ထဲမှာ အရည်တွေ ဆုံးရှုှုံးတာများလာရင် အာဂေါင်တွေခြောက်ပြီး ရေငတ်လာပါလိမ့်မယ်။ Hypothalamus က ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးတာများလာရင် ဦးနှောက်ဆီကို သတိပေးအချက်ပေးပါလိမ့်မယ်။ ဒါကြောင့် အာဂေါင်ခြောက်၊ ရေဆာတာတွေ ခံစားရတာပါ။ အဲ့လိုခံစားရရင် သကြားမပါတဲ့ ရေ ဒါမှမဟုတ် ရေနွေးကြမ်း တို့ကို သောက်သုံးသင့်ပါတယ်။
အသားအရေတွေ ခြောက်လာမယ်
ခြောက်သွေ့နေတဲ့ အသားအရည်တွေက သွေးအတွင်း သကြား ဓာတ်မြင့်မားတာနဲ့သက်ဆိုင်ပါတယ်။ ဆီးခဏခဏ သွားတာကြောင့် ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်နည်းပါးပြီး အသားအရေတွေကို ခြောက်သွေ့စေပါတယ်။