ရုတ်တရက် ခေါင်းပြင်းပြင်းထန်ထန် ကိုက်ခဲတာကလည်း လေဖြတ်တာရဲ့ လက္ခဏာတစ်ခုပါပဲ။ တချို့ကလည်း လေဖြတ်တာကို Brain Attack (ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း) လို့လည်း ခေါ်ကြပါတယ်။

ဦးနှောက်ထဲက တချို့နေရာတွေကို ရုတ်တရပ် သွေးမစီးဆင်းနိုင်တော့ဘဲ ဦးနှောက်ဆဲလ်တွေ အောက်စီဂျင်မရတော့ဘဲ သေကုန်ပါတယ်။ အဲ့ဒီ ဦးနှောက်ဆဲလ်တွေ သေကုန်တာကြောင့် မှတ်ဉာဏ်တွေ အားနည်းပြီး ကြွက်သားတွေ ထိန်းချုပ်နိုင်ဖို့ ခက်ခဲသွားပါတယ်။

(၁) သွေးခဲလေးကနေ ကျဉ်းနေတဲ့တဲ့ သွေးလွှတ်ကြောထဲမှာ ပိတ်နေတာကြောင့် ဖြစ်တာကို Thrombotic stroke ခေါ်တယ်။ (၂) ကိုယ်ခန္ဓာရဲ့တခြားနေရာတွေမှာရှိနေတဲ့ သွေးခဲက ကွဲထွက်ပြီး ဦးနှောက်ဆီကို ရောက်လာတာကြောင့် ဖြစ်တာကို Embolic stroke လို့ခေါ်တယ်။

ဒါပေမယ့် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေ ကြိုသိထားပြီး ဆေးရုံကို အချိန်မီရောက်ရင် ကုသရလွယ်သလို ကာကွယ်ရလည်း လွယ်ကူပါတယ်။

ထုံကျင် အားနည်းလာခြင်း

မျက်နှာ၊ လက်မောင်း၊ ခြေလက်စသည်တွေမှာ ထုံကျင်အားနည်းလာတာကို ခံစားရပါလိမ့်မယ်။ ဥပမာ ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်ရင် လက်မမြဲဘဲပြန်ပြုတ်ကျခြင်းတို့ကို ခံစားရနိုင်ပါတယ်။

လှုပ်ရှားမှု ခက်ခဲလာခြင်း

ဥပမာ လမ်းလျှောက်ရခက်ခဲလာခြင်း၊ စကားပြောရခက်ခဲလာခြင်း။

ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း

မျက်စိသေချာမမြင်တော့ခြင်း

မျက်လုံး ၂ ဖက်လုံး သေချာ မမြင်နိုင်တော့ခြင်း။

အခုလို လက္ခဏာတွေဖြစ်လာပြီဆိုရင် လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ဆေးရုံကို အမြန်ဆုံး သွားဖို့ အရေးကြီးပါတယ်။ အဲ့ဒီအပြင် လေဖြတ်ပြီးပြီးခြင်း နာရီပိုင်းကို Golden Hoursလို့ ခေါ်ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနိုင်ရင် လေဖြတ်တာရဲ့ ပြဿနာတော်တော်များများကို ကုသလို့ရပါတယ်။