ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တဲ့ ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေပေးရတဲ့ ဆေးတချို့မှာ လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ခေါ်တယ်။

B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါတဲ့ဆေးများဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့ကလည်း ခေတ်သုံးဆေးတွေ ဖြစ်တယ်။

ဘယ်လိုကုသမလဲ

ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလဲ မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။

အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။ အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။

စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။ သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။ သံပရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေက အကျိုးများစေတယ်။ ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။ အန်ရင် ရေခဲငုံပါ။ တခါစားရင် နဲနဲချင်းစားပါ။ ထမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။

မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက်မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊ အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊ ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။ Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလဲသုံးနိုင်တယ်။

Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။ သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။ Vitamin B6 50 mg (ဗီတာမင် ဘီ ၆) သောက်ပါ။ ဆားဓါတ်ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံအန်ခြင်း

ဆိုးတယ်။ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတွေဖြစ်လာနိုင်တယ်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% ကလွဲပြီး ပျောက်နိုင်သွားတယ်။ ဘာ့ကြောင့်ဖြစ်ရသလဲ တိတိပပမသိပါ။

ကိုယ်ဝန် ၂ဝဝ ရင် ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်တယ်။ အနားယူပါ။ အစာကို နည်းနည်းတဲ့ အကြိမ်ခွဲစားပါ။ ပရိုတင်းများများ စားသင့်ပြီး အဆီနှင့်အစပ်လျော့သင့်တယ်။

Normal saline or Lactated Ringer solution သွင်းပေးဘို့လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ ဗီတာမင် ဘီ ၆၊ doxylamine 10 mg + pyridoxine (B6) 10 mg ရောပေးပါ။

Promethazine 12.5-25 mg ကို ၄ နာရီခြား။ Prochlorperazine 25 mg စအိုမှ ၁၂ နာရီခြား။ Meclizine, dimenhydrinate, Metoclopramide ကိုလည်းပေးနိုင်တယ်။ Methylprednisolone 16 mg စားဆေး သို့မဟုတ် ထိုးဆေး၊ တနေ့ (၃) ကြိမ်ကို နောက်ဆုံး အဖြစ်ပေးနိုင်တယ်။

၃ ရက်နဲ့သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်ရင် ရပ်ပါ။ ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ (၄) ကြိမ်သောက်နိုင်တယ်။

ပဌမမေးခွန်းမေးသူကို Ondansetron ODT ဆေးပေးထာတာတွေ့တယ်။ ဘာကြောင့်အန်တာဖြစ်ဖြစ် ယူအက်စ်အေမှာ ပေးတာများတယ်။ ပြီးခဲ့တဲ့လထဲ ဆီးကျောက်ကြောင့် အန်ချင်သူကိုလည်း အဲဒီဆေးပေးတယ်။