ကင်ဆာဆိုတာ ရှုပ်ထွေးလှတဲ့ ရောဂါမျိုးဖြစ်ပြီး ကင်ဆာ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေလည်း အများကြီးရှိပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများက မျိုးရိုးဗီဇကြောင့်၊ လူနေမှု ပုံစံတွေဖြစ်တဲ့ ဆေးရွက်ကြီး သုံး၊ ဆေးလိပ်သောက်တာ၊ စားသောက်မှု ပုံစံ၊ နေထိုင်မှု ပုံစံ၊ ပတ်ဝန်းကျင် သက်ရောက်မှု (ဓာတု နဲ့ ဓာတ်ရောင်ခြည် တွေနဲ့ ထိစပ်မှု) စသည်တို့ ဖြစ်ပါတယ်။

ယနေ့ခေတ်လူတွေရဲ့ နေထိုင်မှု ပုံစံတွေက ကင်ဆာ ကိုဖြစ်ပွားနိုင်ချေနှုန်း ဘယ်လောက်ရှိလဲ။ ခင်ဗျား ထင်ထားတာထက် ပိုများပါလိမ့်မယ်။

ကမ္ဘာ့ ကင်ဆာ သုတေသန အဖွဲ့ (World Cancer Research Fund) က အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွားနေတဲ့ ကင်ဆာ ရောဂါများရဲ့ ဖြစ်ပွားတဲ့အကြောင်းအရင်းရဲ့ ၂၀ ရာခိုင်နှုန်းက လူနေထိုင်မှု ပုံစံမမှန်၊ ကိုယ်အလေးချိန် မမှန်၊ အရက်အလွန်အကျွံသောက်သုံးတာ၊ အဟာရ ပြည့်ပြည့်၀၀ ရအောင် မစားသုံးတာ တို့ဖြစ်ပြီး ဒါတွေက တကယ်ဆို ကာကွယ်လို့ရတဲ့ အကြောင်းအရင်းတွေပါ။

ပြုပြင်ထားတဲ့ သကြားနဲ့ ဓာတု ပစ္စည်းတွေ သုံးပြီး ချိုအောင် လုပ်ဆောင်ထားတဲ့ အစားအစာများ

ပြုပြင်ထားတဲ့ သကြားတွေက သွေးအတွင်း သကြား ဓာတ်ကိုလည်း တက်စေရုံသာမက ကင်ဆာဆဲလ်တွေကိုလည်း ဖြစ်စေပြီး ဆဲလ်တွေကို ကြီးထွားအောင် ကူညီပေးနေပါတယ်။ ၁၉၃၁ ခုနှစ်က ဆေးပညာဆိုင်ရာ နိုဗယ်လ် ဆုရ ဂျာမန် ဆရာဝန် အိုတို ဝါဘက် (Otto Warburg) က အကြိတ်တွေ၊ ကင်ဆာတွေက သကြား ဓာတ် နဲ့ ဆက်စပ်နေတယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားဖို့က သကြားဓာတ်တွေ လိုအပ်ပါတယ်။

ဓာတု နည်းအရ လုပ်ထားတဲ့ သကြားတွေအစား ဟင်းချက်တဲ့နေရာမှာ ပျားရည်၊ ထန်းညက် တို့လို သဘာ၀အရ အချိုဓာတ်တွေ ပါဝင်နေတာတွေကို အစားထိုး ချက်သင့်ပါတယ်။

ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာများ

 

ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေဖြစ်တဲ့ ဝက်ပေါင်ခြောက်၊ ကြက်အူချောင်းတွေ စတာတွေက ကင်ဆာ ဖြစ်စေပါတယ်။ ဟာဝိုင်အီ တက္ကသိုလ်က ပြုလုပ်ထားတဲ့ သုတေသနပြုလုပ်ချက်အရ ကြာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေက အူမကြီးကင်ဆာ ဖြစ်စေနိုင်နှုန်း ၆၇ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။ သူတို့မှာ ဓာတုပစ္စည်းတွေ အများကြီးပါဝင်ပြီး၊ ကြာရှည်ခံအောင် နိုက်ထရိုက်ဓာတ်တွေနဲ့ ပြုလုပ်ထားကာ အရသာကောင်းအောင် carcingoens တွေ ထည့်ထားပါတယ်။

 

အကင်တွေကလည်း ကင်တဲ့အချိန်မှာ တူးတာတွေ ရှိတာကြောင့် ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

 

မွေးမြူရေး ငါး

စီးပွားရေးအရ ငါးမွေးမြူမှုတွေ ပြုလုပ်လာပြီးတဲ့နောက်မှာ ငါးတွေက နေရာ ကျဉ်းကျဉ်းလေးထဲမှာ အမြောက်အမြား မွေးလာကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စားသုံးနေတဲ့ ဆယ်မွန်ငါး ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ မွေးမြူရေးကန်တွေကနေဘဲ လာကြတာပါ။ မွေးမြူရေးကန်တွေမှာ ရောဂါ မဖြစ်အောင် ပိုးသတ်ဆေးတွေ၊ တခြား ဓာတု ဆေးဝါးတွေ အများကြီး သုံးကြပါတယ်။ နေရာ ကျဉ်းကျဉ်းမှာ ငါးတွေ အများကြီး မွေးတာကြောင့် ရောဂါ ဖြစ်ပွားလွယ်တာကြောင့် မဖြစ်အောင် ဓာတု ဆေးဝါးတွေ သုံးကြရပါတယ်။ အဲ့ဒီအပြင် မွေးမြူရေးကန်က ဆယ်လမွန်ငါး ဟာ တခြား သဘာ၀ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်တွေကနေ ဖမ်းတဲ့ ဆယ်လမွန်ငါးတွေလောက် Omega 3 ဓာတ်တွေလည်း မပါဝင်ပါဘူး။