သွေးပေါင်ချိန်တက်တယ်ဆိုတာဟာ လူတစ်ဦးရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာစေနိုင်လောက်အောင် စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်ပါတယ်။

ဆေးခန်းတွေပြရင်း၊ ဆေးတွေသောက်ရင်းနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိထားနိုင်တယ်ဆိုပေမယ့်လည်း ပိုက်ဆံအခြေအနေကြောင့်ဖြစ်စေ၊ ဆရာဝန်နဲ့ မပြလိုခြင်းကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးခန်းသွား၊ ဆေးမသောက်ချင်ဘူးဆိုသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

Source: novaphysicianwellness.com

လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက သွေးပေါင်ချိန်ကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ နေ့စဉ်မှန်မှန် မိနစ်သုံးဆယ်လောက် လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြစ်စေ၊ လမ်းလျှောက်ပေးခြင်းဖြစ်စေ ပြုလုပ်ခြင်းက သွေးပေါင်ချိန်မတက်အောင် ထိန်းချုပ်ထားနိုင်ပါတယ်။

ဆားလျှော့စားပါ

Source: japantimes.co.jp

သွေးတိုးရှိသူများအနေနဲ့ ဆားဟာ ရန်သူပါ။ ဒါပေမယ့်လည်း အစားအသောက်တွေစားတဲ့အခါ ခံတွင်းလိုက်ဖို့အတွက် ဆားမထည့်လို့လဲမရတာကြောင့် မဖြစ်မနေ စားသုံးရတော့မယ်ဆိုရင် တော်သင့်ရုံသာ စားပေးပါ။

အာလူး

Source: potatonewstoday.com

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အာလူးတွေကို စားသုံးပေးခြင်းကလည်း တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ သွေးပေါင်ချိန်မတက်အောင် ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကန်စွန်းဥ၊ လိမ္မော်ဖျော်ရည်၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ပဲတောင့်ရှည် စတာတွေကို များများစားပေးပါ။

အနားယူပါ

Source: komando.com

သီချင်းအေးအေးလေးတွေ နားထောင်ပေးခြင်းကလည်း နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေကာ ခန္ဓာကိုယ်ကိုလည်း အကြောအချင်တွေပြေလျော့စေပြီး နေလို့ထိုင်လို့ကောင်းစေမှာပါ။

ပင်စိမ်း

Source: mnn.com

ဟင်းလျာတွေချက်ပြုတ်တိုင်း ပင်စိမ်းထည့်ကာ စားသုံးပေးခြင်းကလည်း သွေးကိုပန်းထုတ်ပေးတဲ့ နှုန်းကိုနိမ့်ကျစေတာကြောင့် များများစားပေးပါ။

Featured Image Source: area-info.net