ကလေးငယ်လေးတိုင်း ကြို့ထိုးကြတယ်။ ရောဂါ မဟုတ်ပါ။ ကြို့ထိုးတာဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြားထားတဲ့ ဒိုင်ယာဖရမ် ခေါ်တဲ့ ကြွက်သားပြားပြားခုံးခုံးကြီးက အလုပ်ပိုလုပ်တာဖြစ်တယ်။ သူ့တာဝန်က အသက်ရှူတာ။ သူ့အထက်မှာ အဆုတ်ရှိတယ်။

ဒိုင်ယာဖရမ်အောက်မှာ ညာဘက်က အသည်းနဲ့ ဘယ်ဘက်ကအစာအိမ်ရှိတယ်။ အဲဒီ ၂ ခုထဲက တခုခုမှာ တခုခုဖြစ်ရင် ကြို့ထိုးတယ်။ ကလေးငယ်တွေမှာ အစာအိမ်ထဲက အစာအိမ်ကြောင့်ဖြစ်တယ်။ ကလေးတွေ ချိုစို့တိုင်း လေကိုပါ မျိုချတယ်။ ရေတိုက်လည်း လေပါမျိုချတယ်။ လက်စုပ်လည်း လေကျုပါမျိုချတယ်။ အစာအိမ်ထဲမှာ နို့နဲ့လေ၊ ရေနဲ့လေ၊ အစာနဲ့လေရှိနေမယ်။ အစာအိမ်ထဲမှာ အဲတာတွေရှိလို့ အစာအိမ်လေးအထက်မှာကပ်နေတဲ့ ဒိုင်ယာဖရန်ကို ကလိသလို ဖြစ်စေရာကနေ ကြို့ထိုးတာဖြစ်တယ်။ လေ အောက်သက်လည်း သက်သာမယ်။ အထက်ဆန်လည်း သက်သာမယ်။

အစာအိမ်ထဲကရှိတာမှန်သမျှ အောက်ဆက်ဆင်းရတာ ပုံမှန်အလုပ်ဖြစ်တယ်။ အစာအိမ်ထဲက အကုန်ဆင်းဖို့ရာ လူကြီးတွေဆိုရင် ၄ နာရီလောက်ကြာတတ်တယ်။ ကလေးတွေမှာ အချိန်တိုတယ်။ အစာအိမ်လေးက သေးတယ်။

နောက်တချက်က ကလေးငယ်လေးတွေမှာ အထိန်းတွေကောင်းကောင်း မဖွံ့ဖြိုးသေးဘူး။ အစာအိမ်အပေါ်ထိပ်မှာ အထိန်းရှိတယ်။ အဲတာကောင်းနေမှ အန်တာနည်းတယ်။ အစာဟောင်းစွန်တဲ့နေရာ မထိန်းနိုင်သေးလို့ အညစ်အကြေးကို သည်အတိုင်းသွားကြတယ်။ ဆီးအိမ်အထွက် မထိန်းနိုင်သေးလို့ ရှူပေါက်ချတယ်။

ကလေးကြီးတွေဆိုရင် တခြားအကြောင်းခံတွေကိုပါ ထည့်စဉ်းစားရမယ်။ တချို့မှာ အစပ်စားလိုက်တာနဲ့ ကြို့ထိုးတယ်။ အဝင်လွဲတယ်လို့ ပြောကြတဲ့ မျိုချတာမှာ အဆင်မပြေရင်လဲ ဖြစ်တတ်တယ်။ တချို့မှာ တခါဖြစ်ရင် ရက်ဆက်ဆိုသလို ထိုးနေတယ်။ အရပ်နည်းတွေတော့ သိမှာပါ။ ဖြစ်စေတဲ့အကြောင်းကိုရှာရရင် အဲဒါကို ကုသရမယ်။ တချို့မှာ ဆေးကုရတဲ့အထိ ဆိုးတယ်။ အသည်းကြီးနေ ရောင်နေသူတွေ ကြို့ထိုးတယ်။

လူကြီးတွေအတွက် ကြို့ထိုးသက်သာစေတဲ့နည်းများ

  • Baclofen, Gabapentin နဲ့ Omeprazole, Rabeprazole ဆေးတွေကို သုံးတယ်။
  • Chlopromazine ခေါ်တဲ့ စိတ်ရောဂါကုဆေးကို အအန်ရပ်အောင်နဲ့ ကြို့ထိုးတာရပ်အောင်လဲ သုံးနိုင်တယ်။ ဆေးက အတော်အိပ်ချင်လို့ ဆေးအဆ လျှော့ပေးရတယ်။
  • သိပ်ဆိုးသူတွေအတွက် Haloperidol စိတ်ဆေး၊ Metoclopramide အစာလမ်းဆေးတွေ သုံးတယ်။
  • GERD အစာခြေရည်အထက်ဆန်တာရှိရင် အဲဒါကိုကုသပါ။ စာတပုဒ်ရေးထားပါတယ်။
  • ပေါင်မုံ့ခြောက်ဝါးခြင်း၊ ရေခဲတုံးဝါးစာခြင်း၊ လျှာကိုဆွဲထုတ်နည်း၊ သကြားရည် လျှာပေါ်၊ ဒါမှမဟုတ် လျှာအောက် တင်ပေးခြင်း၊
  • Phrenic nerve အာရုံကြောကို 0.5% Procaine ထုံဆေးထိုးပေးနည်း၊
  • Bilateral phrenicotomy အဲဒီအာရုံကြောနှစ်ခုလုံးကို ခွဲစိတ်ဖြတ်ပြစ်ခြင်း၊
  • နားထဲကို Lidocaine liniment 3% or gel 2% ဆေးထည့်ပေးနည်း၊
  • Hypokalemia, Hyponatremia ခေါ်တဲ့ ပိုတက်ဆီယန်နဲ့ ဆိုဒီယန်ဓါတ်ဆား နည်းလွန်းတာဖြစ်လို့ ဆိုးတဲ့ ကြို့ထိုးတာဆိုရင် Carbonated beverage ကာဗွန်ထည့်ထားတဲ့အချိုရည်၊ ဆိုဒါ၊ စပရင်းဝါးတား၊ ကိုကာကိုလာ၊ စပရိုက်၊ အင်နာဂျီဒရင့်ခ်တွေကို သောက်နိုင်တယ်။
  • Intranasal vinegar ဗနီဂါအရည်ကို နှာခေါင်းထဲထည့်နည်း၊
  • Deltoid muscles ပခုံးကြွက်သားကိုနှိပ်ခြင်း။

အလွယ်နည်းကတော့ ခေါင်းကို လေမဝင်နိုင်တဲ့ ပလပ်စတစ်အိပ်တလုံး စွပ်ပါ။ လည်ပင်းနေရာမှာ ကိုယ့်လက်နဲ့ စုစည်းထားပါ။ အသက်ရှူပါ။ အိပ်ထဲကလေမှာ အောက်စီဂျင်ကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်သာကျန်လို့ အဲဒါကိုရှူရင် ပျောက်တယ်။ CO2 ကာဗွန်ဒိုင်အောက်ဆိုက်နည်းက Vagus nerve ဗေးဂပ်စ် အာရုံကြောကို သက်ရောက်စေလို့ သက်သာစေတယ်။

ကလေးငယ်လေးတွေကြို့ထိုးတာ ဘာဆေးမှ မလိုအပ်ပါ။ အနေအထား ပြောင်းပေးပါ။ ချိုဆာချိန်ထိ စောင့်မနေပဲ တိုက်ပါ။ ခေါင်းထောင်တားပြီး ကျောလေးသပ်ပြီး လေထုတ်ပေးပါ။