အမေရိကန်ပြည်ထောင်စုမှာ အသက် ၁၈ နှစ်အောက် နေ့တိုင်း ဆေးလိပ်သောက်သုံးသူ ၃၂၀၀ ကျော်ရှိနေပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တိုင်း ဘယ်လိုဓာတ်ငွေ့တွေ ရှူမိနေလဲဆိုတာ အများအားဖြင့် မသိကြပါဘူး။

ဆေးလိပ်သောက်သုံးသူ တော်တော်များများက သူတို့ရဲ့ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်က နှလုံးရောဂါ၊လေဖြတ်၊ ဆီးချို၊ အဆုတ်နဲ့ တခြား ကင်ဆာ ရောဂါတွေကို ဘယ်လောက်မြန်မြန်နဲ့ ဖြစ်နိုင်လဲဆိုတာ မသိကြပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးမှုနှုန်းက ၄၈၀၀၀၀ ရှိပါတယ်။ အဓိကတော့ ဆေးလိပ်မှာပါဝင်တဲ့ ပစ္စည်းတွေကြောင့် နဲ့ ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် ဖြစ်ပါတယ်။

သာမန် စီးကရက် တစ်လိပ်မှာ ပါဝင်ပစ္စည်းပေါင်း ၆၀၀ ကျော်ရှိပြီ စီးကရက်ကို မီးရှို့လိုက်ရင် ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော် ထွက်ပါတယ်။

စီးကရက်ထဲမှာပါဝင်တဲ့ ပစ္စည်းတွေက အစားအသောက်နဲ့ ဆေးဝါး ဌာန (FDA) က ခွင့်ပြုချက် ရရှိထားတဲ့ ပစ္စည်းတွေပါဝင်တဲ့ အပြင် တချို့ပစ္စည်းတွေကတော့ သင်မထင်ထားတာတွေလည်း ဖြစ်နေပါလိမ့်မယ်။

ဥပမာ အာဆင်းနစ် (Arsenic)ဆိုရင် သစ်သားတွေကို ပိုးမထိုး ကြာရှည်ခံအောင်လုပ်တဲ့နေရာမှာ သုံးလေ့ရှိပြီး ကြွက်ကို အဆိပ်ခတ်တဲ့ဆေးတွေထဲမှာလည်း ထည့်သုံးပါတယ်။

အာဆင်းနစ် (Arsenic) က နှလုံးရောဂါဆိုင်ရာနဲ့ မျိုးပွားရောဂါဆိုင်ရာများကို ဖြစ်စေပါတယ်။

အဲ့ဒီအပြင် စီးကရက်မှာ နီကိုတင်း (Nicotine) ပါဝင်ပါတယ်။ နီကိုတင်း က အင်းဆက်တွေကို သတ်တဲ့ဆေးတွေမှာ သုံးလေ့ရှိပြီး ကားတွေ အိတ်ဇောပိုက်က လွှတ်ထုတ်တဲ့ ဓာတ်ငွေ့တွေထဲမှာလည်း ပါဝင်နေပါတယ်။ ကင်ဆာကို အဓိက ဖြစ်စေတဲ့ Formaldehyde လည်း ပါဝင်နေပါတယ်။

အဲ့ဒီအပြင် ဆေးလိပ်ထဲမှာပါဝင်တဲ့ အမျိုးပေါင်း ၇၀ လောက်က Carcinogenic ဓာတ်တွေဖြစ်ပြီး လူကို အန္တရာယ်အပေးဆုံး ဓာတုပစ္စည်းဖြစ်ပါတယ်။

အမေရိကန် ကင်ဆာ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ စီးကရက်သောက်ခြင်းကြောင့် ကင်ဆာဖြစ်ပွားပြီး သေဆုံးနှုန်းက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ ဆေးလိပ်သောက်မှုကြောင့် ကင်ဆာ ဖြစ်ပွားမှုများထဲက အဆုတ်ကင်ဆာနဲ့ ဖြစ်ပွားမှုနှုန်းက အမျိုးသားများမှာ ၈၇ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများမှာ ၇၀ ရာခိုင်နှုန်းရှိပါတယ်။