အမျိုးသမီးတွေလိုအပ်တဲ့ အာဟာရဓာတ်တွေဟာ အမျိုးသားတွေနဲ့ ခြားနားကွာဟလှပါတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေ မပါတဲ့ Diet ကိုပြုလုပ်ခြင်းက ခန္ဓာကိုယ်အတွင်းပိုင်းကို ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးများအတွက် ကျန်းမာရေးနဲ့ အသင့်တော်ဆုံး အစားအစာများကို ဖော်ပြပေးမှာဖြစ်လို့ ကိုယ်ရဲ့ Diet ထဲမှာ ထည့်သွင်း စားသုံးပေးနိုင်ပါတယ်။
ဒေါက်ခွရွက်လို အရွက်စိမ်းတွေဟာ အူကိုသန်စွမ်းစေပြီး သံဓာတ်အပြည့်ပါဝင်လို့ သင့်ကိုကျန်းမာကြံ့ခိုင်စေပါတယ်။ ဖောလစ်အက်စစ်နဲ့ Lutein လို့ခေါ်တဲ့ Antioxidant လည်း ပါဝင်ပါသေးတယ်။
၂။ ပူစီနံ
ပရုတ်အေးဓာတ်အလွန်ကြွယ်ဝသည့်အတွက် လန်းဆန်းမှုကို ပေးစွမ်းကာ အစာခြေဖျက်အားကောင်းစေပါတယ်။
၃။ အခွံမာသီးများ
တနေ့ကို ၃၀ ဂရမ် သို့မဟုတ် လက်တစ်ဆုပ်စာ စားပေးမယ်ဆိုရင် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ကာ ဆီးချိုဖြစ်ပွားနိုင်ခြေကို လျော့ချပေးပါတယ်။
၄။ နှမ်းကြတ်စေ့
Omega-3 fatty acids အလွန်များပြားပြီး ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ချပေးပါတယ်။ ဆန်ပြုတ်ထဲကို နှမ်းကြတ်စေ့လေးတွေဖြူးပေးပြီး စားသုံးနိုင်သလို မနက်စာအနေနဲ့လည်း ကြိတ်ပြီးတော့သောက်သုံးနိုင်ပါတယ်။
၅။ ကန်စွန်းဥ
အသားအရေနဲ့ မျက်လုံးများအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin A စုစည်းပါဝင်တဲ့အတွက် မီးဖုတ်ပြီးဖြစ်စေ၊ သုပ်ပြီးဖြစ်စေ၊ ပြုတ်တာပဲဖြစ်ဖြစ် စိတ်တိုင်းကျ ပြုလုပ်စားသုံးနိုင်ပါတယ်။
၆။ ကြက်သွန်ဖြူ
သွေးပေါင်ချိန်တက်တာကို လျော့ကျစေနိုင်တဲ့ ကြက်သွန်ဖြူကို မနက်တိုင်း တစ်မြွှာအမြဲစားသုံးပေးပါ။
၇။ မှိုများ
ကော့ပါးပမာဏဓာတ်လျော့ကျနေတယ်ဆိုရင် မှိုတွေကိုထည့်သွင်းစားသုံးပါ။ Vitamin D တွေလည်း ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
၈။ ပဲများ
ပဲတွေမှာ ပရိုတင်းဓာတ် အပြည့်ပါဝင်ပြီး ရာသီလာချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။
၉။ ပန်းဂေါ်ဖီစိမ်း
ဗီတာမင်စီ၊ ကယ်လ်စီယမ် တို့ပြည့်စုံစွာ ပါဝင်တဲ့အတွက် အရိုးအဆစ်များအတွက် အထူးကောင်းမွန်ပါတယ်။
၁၀။ ဂျင်း
ဂျင်းဟာဆိုရင် မအီမသာဖြစ်ခြင်း၊ ပျို့ချင်အန်ချင်ခြင်းတို့ကို ကာကွယ်ပေးနိုင်လို့ နေ့စဉ်သုံးစွဲပေးပါ။
၁၁။ နနွင်း
နနွင်းကို နို့ထဲထည့်သောက်ခြင်း သို့မဟုတ် ဟင်းလျာတွေထဲ ထည့်သွင်းပြီး စားသုံးမယ်ဆိုရင် နာကျင်ဝေဒနာများကို သက်သာစေပြီး ကူးစက်မှုများကို ကုသပေးပါတယ်။
၁၂။ ခရမ်းချဉ်သီး
Lycopene များ အလွန်များပြားစွာ ပါဝင်တဲ့ ခရမ်းချဉ်သီးကို စားသုံးပေးခြင်းက နှလုံးရောဂါများနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
Featured Image Source: healtheatingfood.com