ဒူးနေရာမှာ နာကျင်ဝေဒနာခံစားရတာဟာဆိုရင် ဘာကြောင့်ဆိုပြီးတော့ အကြောင်းအရင်းတစ်ခုထဲကို ရွေးထုတ်ပြီးပြောလို့မရတဲ့ ယေဘုယျ ပြဿနာတစ်ခုဖြစ်ပါတယ်။

ယခုဆောင်းပါးမှာဆိုရင် ဒူးနာဝေဒနာ ဘာကြောင့်ဖြစ်ရသလဲနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။ ဒါ့အပြင် ဒူးနာလာပြီဆိုရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း ပူးတွဲပြောပြပေးသွားမှာဖြစ်ပါတယ်။

ဘာကြောင့် ဒူးနာရသလဲ

ခန္ဓာကိုယ်တွင်းမှာ အကြီးဆုံးနဲ့ အရှုပ်ထွေးဆုံး အဆစ်အမြစ်တစ်ခုဖြစ်တဲ့ ဒူးနဲ့ပတ်သက်လို့ ပြဿနာတွေအများကြီး ဖြစ်လာနိုင်ပါတယ်။

ပြေးခြင်း သို့မဟုတ် ခုန်ခြင်းတို့ ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အလေးချိန်အကုန်လုံးကို ထိန်းထားရတာဖြစ်လို့ နာကျင်ပျက်စီးမှုတွေနဲ့ပတ်သက်လာရင် ခုခံနိုင်မှုအားနည်းလွန်းပါတယ်။

ဘယ်လိုကာကွယ်ရမလဲ

ဘယ်အချိန်ဖြစ်မလဲဆိုတာမသိလို့ ကြိုတင်ကာကွယ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သို့သော်လည်း နေရာပေါ်မူတည်ပြီး ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်တွက်ဆထားနိုင်တာကြောင့် အမြဲသတိထားရပါမယ်။

အကယ်လို့ဒူးမှာနာကျင်မှုခံစားနေရတယ်ထင်ရင် လေ့ကျင့်ခန်းမလုပ်ပါနဲ့

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ မလုပ်ခင်နဲ့ လုပ်ပြီးနောက်မှာ အမြဲအကြောဆန့်ပေးပါ

ကိုယ့်ခြေထောက်နဲ့ ကိုက်ညီမှုရှိပြီး အထောက်အပံ့ဖြစ်စေတဲ့ ဖိနပ်တွေကို ရွေးစီးပါ

နနွင်းနဲ့ ဂျင်းလက်ဖက်ရည်

ရေတစ်ခွက်စာကို တည်လိုက်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနှင့် ကြိတ်ခြေထားတဲ့ ဂျင်းအမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကို ထည့်လိုက်ပါ။

ပွက်ပွက်ဆူလာရင် မီးလျော့လိုက်ပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်တည်ပေးပါ။ ပြီးရင်တော့ အရည်စစ်ကာ ပျားရည်နည်းနည်းထည့်၍ သောက်သုံးပေးနိုင်ပါတယ်။