အနေအထိုင်မှားသွားလို့၊ စိတ်ညစ်စရာကိစ္စတစ်ခုခုကြောင့် ဒါမှမဟုတ် ရောဂါကြောင့် ခေါင်းကိုက်ခြင်းခံစားလာရပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ မူးဝေခြင်း၊ မခံမရပ်နိုင်အောင် ထိုးကိုက်ခြင်း၊ ပျို့အန်ခြင်း စတဲ့ လက္ခဏာတွေကိုပါ ပူးတွဲကြုံတွေ့လာရတတ်ပါတယ်။

အင်မတန်ကို ဆိုးဆိုးရွားရွား နာကျင်လွန်းတာကြောင့် အမြန်ပျောက်ကင်းအောင် အကိုက်အခဲပျောက်ဆေးတွေ သောက်လေ့ရှိပေမယ့်လည်း နောက်ဆက်တွဲအနေနဲ့ အစာအိမ်ရောဂါကိုပါ ခံစားလာရနိုင်လို့ အထူးသတိထားသင့်ပါတယ်။

ဒါကြောင့် ဆေးဝါးတွေကို အချိန်တိုင်းမှီခိုပြီး ကျန်းမာရေးကို ပိုပြီးထိခိုက်ခံမယ့်အစား ကနဦးအစကတည်းက ရှောင်ရှားသင့်တဲ့ အစားအစာတွေကို အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ ချောကလက်

Source: seriouseats.com

ချောကလက်တွေမှာပါဝင်တဲ့ ကိုကိုးအားဟာဆိုရင် အကြောဆဲလ်တွေကို ကာကွယ်ပေးနိုင်ပေမယ့်လည်း အချိုဓာတ်များပြားတာကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာပါ။ လူအများစုဟာဆိုရင်လည်း ခေါင်းမကိုက်ခင်မှာ ဒီလိုအစားအစာတွေကို အမြဲတမ်းတလေ့ရှိကြပါတယ်။

၂။ ဝိုင်နီနှင့် အခြားအရက်သေစာများ

Source: libertyvillagetoronto.com

ဝိုင်နီများတွင်ပါဝင်သည့် ဆာလဖိုက်တွေက ခေါင်းကိုက်ခြင်းကို ပိုပြီးဆိုးရွားစေနိုင်သည့်အပြင် အရက်ပါဝင်သည့် ဖျော်ရည်များကိုသောက်သုံးပါက ဦးနှောက်အတွင်း သွေးစီးဆင်းမှုကိုတိုးစေကာ ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဒါကြောင့်လည်း ညဖက် အရက်သောက်ထားသူများ အနေနဲ့ မနက်ခင်းမှာ ခေါင်းကိုက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။

၃။ ကော်ဖီ

Source: health.harvard.edu

ကော်ဖီသောက်ခြင်းက အိပ်ချင်စိတ်၊ နွမ်းနယ်စိတ်ကို လန်းဆန်းသွားစေနိုင်ပေမယ့်လည်း အတိုင်းထက်အလွန်သောက်သုံးမိမယ်ဆိုရင်တော့ ကောင်းကျိုးကနေ ဆိုးကျိုးအဖြစ် ပြောင်းသွားနိုင်ပါတယ်။

၄။ ရေခဲမုန့်

Source: cbc.ca

ရေခဲမုန့်တွေမှာပါဝင်တဲ့ အအေးဓာတ်က ခေါင်းကို ထိုးနှက်လိုက်သလိုဝေဒနာကို ခံစားရစေနိုင်ပြီး စက္ကန့် ၃၀ မှ ၆၀ အထိ ခံစားရနိုင်ပါတယ်။ အကယ်လို့ ကိုယ်က ရေခဲမုန့်ကို အင်မတန်ကြိုက်သူဆိုရင်တော့ အမြန်စားတာထက် ဖြေးဖြေးလေးစားပေးဖို့ အကြံပြုချင်ပါတယ်။

၅။ ငှက်ပျောသီး

ငှက်ပျောသီးတွေမှာပါဝင်တဲ့ Tyramine ဓာတ်ဟာ ဓာတ်မတည့်သူတွေအတွက်တော့ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ဝေဒနာကို မခံစားချင်ဘူးဆိုပါက ငှက်ပျောသီးအများကြီး စားသုံးခြင်းမှလည်းရှောင်ကြဉ်ပါ။

၆။ အသင့်လုပ်အသားများ

Source: ninacheriefranklin.com

ဝက်ဆားနယ်ခြောက်၊ ဟော့ဒေါ့တွေ၊ အသားတွေမှာ အသုံးပြုထားတဲ့ တာရှည်ခံဆေးတွေဟာဆိုရင် သွေးပေါင်ချိန်ကိုထိခိုက်စေနိုင်ပြီး အချို့လူများအတွက် ခေါင်းကိုက်ခြင်းကို ခံစားရစေပါတယ်။

၇။ ပီဇာ

Source: tablespoon.com

ပီဇာတို့လို အမြန်ပြင်အစားအစာတွေဟာ ကိုယ်အလေးချိန် တက်စေရုံသာမက အတွင်းမှာထည့်သွင်းပြုလုပ်ထားတဲ့ တဆေးကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။