မိဘတွေအတွက် မွေးကင်းစ ကလေးငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးဆုံးနဲ့ အထိမခံနိုင်တဲ့အရာပဲ့ ဖြစ်ပါတယ်။

မွေးကင်းစကလေးငယ်တွေကို ရောဂါပိုးမွှားတွေ အထူးသဖြင့် လာကြည့်တဲ့ဧည့်သည်တွေရဲ့ ရန်ကနေလွတ်အောင် ကာကွယ်ရတာလည်း စိန်ခေါ်မှုတစ်ခုပါဘဲ။

အိမ်တစ်အိမ်မှာ ကလေးတစ်ယောက်မွေးလာပြီဆိုရင် သူတို့ မိသားစု ရဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အိမ်နီးချင်းတွေက လာကြည့်ကြပါတယ်။

newborn-baby-kiss

လူမျိုးစုံက ကလေးတွေကို ကိုင်တွယ် နမ်းရှုတ်ကြပြီး မိဘတွေကလည်း တားဖို့ ခက်ခဲကြပါတယ်။ တားလို့ရှိရင်လည်း အကဲပိုတယ်ဆိုပြီး အမြင်စောင်းတတ်ကြပါတယ်။

ခုခံအားစနစ် နည်းနေတာကြောင့် မွေးဖွားပြီး အသက် ၆ ပတ်လောက်အထိ ကလေးငယ်တွေက ပိုးဝင်တာတို့နဲ့ တခြား ဘက်တီးရီးယား ပိုးမွှားတွေကို သိပ်ခံနိုင်ရည်မရှိသေးပါဘူး။

ဒါကြောင့် မွေးကင်းစ ကလေးကို သွားကြည့်တဲ့အခါမှာ ယဉ်ကျေးမှု ရှိတဲ့၊ တာဝန်ယူတတ်မှုရှိတဲ့ သူပီပီ ကလေးတွေရဲ့ မျက်နှာတွေကို မနမ်းခဲ့ဖို့လိုပါတယ်။ အထူးသဖြင့် ကလေးကို ချီချင်ရင်တောင် လက်ကို ပြောင်အောင်ဆေးပြီးမှ ချီသင့်ပါတယ်။ မဟုတ်ရင် ကိုယ့် ပယောဂကြောင့် မွေးကင်းစ ကလေးလေး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

Why-You-Should-Never-Let-Anyone-Kiss-Your-Baby-On-The-Lips

အခုတလော ဗြိတိန်နိုင်ငံရှိ လူမှုကွန်ယက် facebook မှာ ပြန့်နေတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ ဗြိတိန်နိုင်ငံသူ ကလဲ ဟန်ဒါဆန်ရဲ့ မွေးကင်းစကလေးလေး ဘုတ်ခ် လေးကို ဧည့်သည်တွေက နမ်းခဲ့ပြီးနောက် မျက်နှာနဲ့ ပါးစပ်မှာ အဖုလေးတွေပေါက်လာခဲ့ပြီး ဆေးရုံတင်ထားရတဲ့သတင်းပါဘဲ။

မွေးကင်းစကလေးအနေနဲ့ ဆေးကုသခံယူရတာဆိုတာ အန္တရာယ်များပါတယ်။

babysorescold

ဒါကြောင့် ကိုယ့်မှာ အဖျားရှိနေတယ်၊ ဖျားချင်ချင် ဖြစ်နေရင် ကလေးနားကို မသွားပါနဲ့၊ ကလေးကို မထိတွေ့မကိုင်တွယ်ပါနဲ့။ ကိုယ့်ဆီမှာ ရှိနေတဲ့ အဖျားက ကိုယ့်အတွက်တော့ ခံနိုင်ရည်ရှိပေမယ့် ကလေးအတွက်တော့ အရမ်းအန္တရာယ်များပါတယ်။

ကလေး မိဘတွေကလည်း ကိုယ့်ကလေးကို ထိခိုက်အောင် ပြုလုပ်နိုင်တဲ့သူတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းပယ်ပါ။ ဘယ်အရာမှ ကလေးအသက်လောက် အရေးမကြီးပါဘူး။ ကလေးကို လာရောက်ကြည့်ရှုသူတွေကလည်း တာဝန်ယူမှုရှိရှိ ယဉ်ကျေးမှု ရှိရှိ ပြုမူ နေထိုင်သင့်ပါတယ်။