[Unicode]
မာလကာသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် A ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ မာလကာသီးတစ်လုံးမှာပါတဲ့ ဗီတာမင် C ဟာ လိမ္မော်သီးတစ်လုံးမှာပါတဲ့ဗီတာမင် C ထက် ၄ ဆပိုများပြီး ဗီတာမင် A ဓါတ်က သံပုရသီးတစ်လုံးမှာပါတာထက် ၁၀ ဆပိုများပါတယ်။ ဒါ့အပြင် ဗီတာမင် B2 ၊ E ၊ K ၊ အမျှင်ဓါတ်၊ သံဓါတ် နဲ့ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်။
မာလကာရွက်ကလည်း အသားအရေ၊ ဆံပင်နဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုစေပါတယ်။ မာလကာရွက်ရဲ့ အကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။
၁။ မာလကာရွက်ဟာ ဆံပင်ကျွတ်တာကိုသက်သာပျောက်ကင်းစေပါတယ်။ မာလကာရွက်တစ်ချို့ကို ရေနွေးနဲ့ကျိုပြီး အအေးခံထားပါ။ ပြီးရင်အဲဒီအရည်ကို ဦးရေပြားပေါ် ညင်သာစွာလိမ်းပေးပြီး နာရီဝက်လောက်ထားကာ ခေါင်းလျှော်ချပါ။
၂။ အထူးသဖြင့် အမျိုးသားတွေ ကလေးမရတဲ့ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။
၃။ မာလာကာရွက်ကိုရေနွေးနဲ့ကျိုပြီး သောက်ပေးတာဟာ ဝမ်းလျှော ဝမ်းပျက်ခြင်းကို ကုသပေးနိုင်ပါတယ်။
၄။ ချောင်းဆိုးရင်ကြပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။
၅။ မာလာကာရွက်ကိုရေနွေးနဲ့ကျိုပြီးသောက်တာဟာ အစာအိမ်အဆင့်သင့်တာတွေကို သက်သာစေပါတယ်။
၆။ ဆီးချိုသမားတွေဟာ မာလာကာရွက်ကို ရေနွေးနဲ့ကျိုပြီး သောက်ပေးသင့်ပါတယ်။ အဲဒီလိုသောက်ပေးတာဟာ သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးပါတယ်။
၇။ မာလကာရွက်ကို ရေနွေးနဲ့ကျိုပြီး သောက်ပေးတာဟာ သွေးတွင်းမကောင်းတဲ့ကိုလက်စထရောပါဝင်မှုကို လျှော့ကျပေးနိုင်ပါတယ်။
၈။ မာလာကာရွက်ကို ဝါးပေးတာဟာ သွားကိုက်တာ၊ သွားဖုံးရောင်တာ နဲ့ ခံတွင်းမှာ အနာပေါက်တာတွေကိုလည်း သက်သာစေပါတယ်။
၉။ မာလကာရွက် ၉ ရွက်လောက်ကို ရေ ၅ ခွက်နဲ့ရောပြီး ကျိုပေးပါ။ အိုးတစ်ဝက်လောက် ရေခမ်းသွားတဲ့ထိထားပါ။ အဲဒီအရည်ကိုသောက်ပေးတာဟာ သွေးလွန်တုပ်ကွေးကို သက်သာစေပါတယ်။
၁၀။ ဓါတ်မတည့်တာကြောင့်ဖြစ်တဲ့ ယားယံမှုတွေကိုသက်သာစေပြီး မာလာကာရွက်ကို ထောင်းပြီး ယားတဲ့နေရာမှာ လိမ်းပေးထားပါ။
၁၁။ ပိုးမွှားတွေကိုက်ခံရရင်လည်း အဲဒီလိုလိမ်းပေးပါ။
၁၂။ မာလကာရွက်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံကို သက်သာစေပါတယ်။
၁၃။ မတော်တဆ ထိခိုက်ရှနာတာတွေအတွက် မာလာကာရွက်ကို ကြိတ်ပြီး လိမ်းပေးပါ။
၁၄။ ဆားဝက်ခြံတွေပျောက်ကင်းဖို့အတွက်ဆိုရင်တော့ မာလကာရွက်အနည်းငယ်ကို ထောင်းပြီး ရေအနည်းငယ်နဲ့ရောကာ ဆားဝက်ဆံရှိတဲ့နေရာမှာ သေချာပွတ်လိမ်းပေးပြီး မျက်နှာသစ်ပေးပါ။
[Zawgyi]
မာလကာသီးမွာ ဗီတာမင္ C နဲ႔ ဗီတာမင္ A ဓါတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ မာလကာသီးတစ္လံုးမွာပါတဲ့ ဗီတာမင္ C ဟာ လိေမၼာ္သီးတစ္လံုးမွာပါတဲ ့ဗီတာမင္ C ထက္ ၄ ဆပိုမ်ားၿပီး ဗီတာမင္ A ဓါတ္က သံပုရသီးတစ္လံုးမွာပါတာထက္ ၁၀ ဆပိုမ်ားပါတယ္။ ဒါ့အျပင္ ဗီတာမင္ B2 ၊ E ၊ K ၊ အမွ်င္ဓါတ္၊ သံဓါတ္ နဲ႔ ပိုတက္ဆီယမ္ဓါတ္ေတြပါ၀င္ပါတယ္။
မာလကာရြက္ကလည္း အသားအေရ၊ ဆံပင္နဲ႔ က်န္းမာေရးအတြက္ မ်ားစြာ အေထာက္အကူျပဳေစပါတယ္။ မာလကာရြက္ရဲ့ အက်ိဳးေက်းဇူးေတြကို မွ်ေ၀လိုက္ပါတယ္။
၁။ မာလကာရြက္ဟာ ဆံပင္ကၽြတ္တာကိုသက္သာေပ်ာက္ကင္းေစပါတယ္။ မာလကာရြက္တစ္ခ်ိဳ႕ကို ေရေႏြးနဲ႔က်ိဳၿပီး အေအးခံထားပါ။ ၿပီးရင္အဲဒီအရည္ကို ဦးေရျပားေပၚ ညင္သာစြာလိမ္းေပးၿပီး နာရီ၀က္ေလာက္ထားကာ ေခါင္းေလွ်ာ္ခ်ပါ။
၂။ အထူးသျဖင့္ အမ်ိဳးသားေတြ ကေလးမရတဲ့ ျပႆနာေတြကို ကုသေပးႏိုင္ပါတယ္။
၃။ မာလာကာရြက္ကိုေရေႏြးနဲ႔က်ိဳၿပီး ေသာက္ေပးတာဟာ ၀မ္းေလွ်ာ ၀မ္းပ်က္ျခင္းကို ကုသေပးႏိုင္ပါတယ္။
၄။ ေခ်ာင္းဆိုးရင္ၾကပ္တာကိုလည္း ေပ်ာက္ကင္းေစပါတယ္။
၅။ မာလာကာရြက္ကိုေရေႏြးနဲ႔က်ိဳၿပီးေသာက္တာဟာ အစာအိမ္အဆင့္သင့္တာေတြကို သက္သာေစပါတယ္။
၆။ ဆီးခ်ိဳသမားေတြဟာ မာလာကာရြက္ကို ေရေႏြးနဲ႔က်ိဳၿပီး ေသာက္ေပးသင့္ပါတယ္။ အဲဒီလိုေသာက္ေပးတာဟာ ေသြးတြင္းသၾကားဓါတ္ကို ေလွ်ာ့ခ်ေပးပါတယ္။
၇။ မာလကာရြက္ကို ေရေႏြးနဲ႔က်ိဳၿပီး ေသာက္ေပးတာဟာ ေသြးတြင္းမေကာင္းတဲ့ကိုလက္စထေရာပါ၀င္မႈကို ေလွ်ာ့က်ေပးႏိုင္ပါတယ္။
၈။ မာလာကာရြက္ကို ၀ါးေပးတာဟာ သြားကိုက္တာ၊ သြားဖံုးေရာင္တာ နဲ႔ ခံတြင္းမွာ အနာေပါက္တာေတြကိုလည္း သက္သာေစပါတယ္။
၉။ မာလကာရြက္ ၉ ရြက္ေလာက္ကို ေရ ၅ ခြက္နဲ႔ေရာၿပီး က်ဳိေပးပါ။ အိုးတစ္၀က္ေလာက္ ေရခမ္းသြားတဲ့ထိထားပါ။ အဲဒီအရည္ကိုေသာက္ေပးတာဟာ ေသြးလြန္တုပ္ေကြးကို သက္သာေစပါတယ္။
၁၀။ ဓါတ္မတည့္တာေၾကာင့္ျဖစ္တဲ့ ယားယံမႈေတြကိုသက္သာေစၿပီး မာလာကာရြက္ကို ေထာင္းၿပီး ယားတဲ့ေနရာမွာ လိမ္းေပးထားပါ။
၁၁။ ပိုးမႊားေတြကိုက္ခံရရင္လည္း အဲဒီလိုလိမ္းေပးပါ။
၁၂။ မာလကာရြက္မွာ ဗီတာမင္ C ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ၀က္ၿခံကို သက္သာေစပါတယ္။
၁၃။ မေတာ္တဆ ထိခိုက္ရွနာတာေတြအတြက္ မာလာကာရြက္ကို ႀကိတ္ၿပီး လိမ္းေပးပါ။
၁၄။ ဆား၀က္ၿခံေတြေပ်ာက္ကင္းဖို႔အတြက္ဆိုရင္ေတာ့ မာလကာရြက္အနည္းငယ္ကို ေထာင္းၿပီး ေရအနည္းငယ္နဲ႔ေရာကာ ဆား၀က္ဆံရွိတဲ့ေနရာမွာ ေသခ်ာပြတ္လိမ္းေပးၿပီး မ်က္ႏွာသစ္ေပးပါ။
Reference: https://www.youtube.com/watch?v=Q0mcdTiPq50