နေ့စဉ်ကျန်းမာညီညွတ်တဲ့အစားအစာ စားဖြစ်ဖို့ဆိုတာ တော်တော်ဂရုစိုက်နိုင်မှရတာပါ။ အထူးသဖြင့် အသင့်စားစည်သွပ်ဘူးတွေပေါနေတဲ့ဒီခေတ်မှာ အရသာလောက်ပဲ အရေးပေးကြပြီးတကယ့်ကျန်းမာစေမယ့်အစားအစာတွေကို လစ်လျူရှုလာကြပါတယ်။ ဒါကြောင့် ကျန်းမာတဲ့အစားအစာတွေကို အသေးစိတ်လိုက်ဂရုစိုက်ပြီးမစားပေးနိုင်ရင်တောင် ဒီ(၇)မျိုးအလှည့်ကျ ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးပြီး ကျန်းမာလာစေမှာမို့ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

၁။သံပုယိုသီး

သိကြတဲ့အတိုင်းပဲ သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင်စီက ခန္ဓာကိုယ်အတွက် အရမ်းအကျိုးပြုပါတယ်။ Glutathione လို့ခေါ်တဲ့ အသည်းထဲကအဆိပ်အတောက်ဖယ်ရှားပေးတဲ့ ပစ္စည်းတွေကို ဗီတာမင်စီက ထုတ်လုပ်ပေးနိုင်တာကြောင့် ပုံမှန်စားပေးမယ်ဆိုရင် အခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရလာစေပါတယ်။

၂။ကြက်သွန်ဖြူ

ဆာလ်ဖာကြွယ်ဝတဲ့ ကြက်သွန်ဖြူကို ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားရာမှာ သုံးဖို့သင့်တော်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း နာမကျန်းမှုတွေကိုလည်း ကြက်သွန်ဖြူက ကုသပေးပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် ဆေးဝါးမှီဝဲစရာတောင်မလိုပါဘူး။

 

၃။နေကြာစေ့


အပျင်းပြေစားကြတဲ့ နေကြာစေ့မှာလည်း အသည်းတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အစွမ်းသတ္တိကြောင့် ကျန်းမာရေးအာနိသင်ကောင်းရှိတယ်လို့ဆိုလို့ရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ဝိုက်မှာရှိတဲ့ အဆိပ်တွေကိုပါဖယ်ရှားပေးသေးပါတယ်။ ကိုလက်စထရောတွေ တဖြည်းဖြည်းများလာတာကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ကိုပျက်စီးစေမယ့် ဒဏ်ကိုလည်းကာကွယ်ပေးပါတယ်။

၄။ဂေါ်ဖီထုပ်


ဂေါ်ဖီထုပ်မှာ ဆာလ်ဖာဓာတ်ကြွယ်ဝပြီး ပိုးသတ်ဆေးတွေထဲက ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို သန့်စင်ပေးပါတယ်။

၅။ထောပတ်သီး


ထောပတ်သီးက လူ့ခန္ဓာကိုယ်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။ ထောပတ်သီးစားပေးခြင်းဖြင့် အလွန်အန္တရာယ်များတဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးလို့ ကျန်းမာပြီး လန်းဆန်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်စေပါတယ်။

၆။ဂေါ်ဖီပန်းစိမ်း

 

ဘရိုကိုလီလို့ခေါ်တဲ့ အစိမ်းရင့်ရောင်ဂေါ်ဖီပန်းမှာလည်း အာနိသင်မနည်းပါဘူး။သူ့မှာ ခန္ဓာကိုယ်ကို သန့်စင်ပေးမယ့် Antioxidants တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်အစာချေစနစ်ကို ပိုမိုချောမွေ့စေမယ့် အင်းဇိုင်းတွေကြွယ်ဝပါသေးတယ်။ ဘရိုကိုလီကို မကျက်တကျက်စားတာက သူ့ရဲ့အာဟာရဓာတ်ကို ကောင်းကောင်းရရှိစေမှာပါ။

၇။အာလူး

potatoes
အာလူးတွေမှာလည်း ဗီတာမင်အေနဲ့ ဗီတာမင်စီကြွယ်ဝတဲ့အတွက် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ကန်စွန်းဥမှာလည်း ထိုနည်းလည်းကောင်းပါပဲ။