နေလောင်ခံထားရတဲ့အသားအရေတွေမှာ နေလောင်ကွက်တွေ အများကြီးဖြစ်နေတတ်ပါတယ်။ ဒါတွေက ကြည့်လိုက်ရင် အရမ်းကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် နေလောင်ကွက်တွေကို သဘာဝအတိုင်းသက်သာသွားစေဖို့ နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

သံပယိုသီး

Photo Source: www.leaf.tv

သံပယိုသီးကို Cotton Pad လို့ခေါ်တဲ့ ဂွမ်းဖတ်ပေါ်ကို အရည်ညှစ်ချပြီး အဲ့ဒီဂွမ်းဖတ်နဲ့ နေလောင်ကွက်တွေမှာ လိုက်ပွတ်ပေးပါ။ Sensitive Skin သမားတွေဆိုရင် သံပယိုရည်ကို ရေနဲ့ရောပြီး ပွတ်ပေးပါ။ တစ်ပတ်မှာ သုံးကြိမ်လုပ်ပေးရပါမယ်။

သင်္ဘောသီး

Photo Source: www.stylecraze.com

သင်္ဘောသီးကို ရေနွေးနဲ့ရောပြီး ကြိတ်ချေပါ။ ပြီးရင်တော့ နေလောင်ထားတဲ့နေလောင်ကွက်တွေမှာ လိုက်ပွတ်ပေးပါ။ မိနစ် ၂၀ လောက်ပွတ်ပြီးထားပေးရပါမယ်။ ပြီးမှရေဆေးချလိုက်ပါ။

ဖရဲသီး

Photo Source: www.hypertreat.com

ဖရဲသီးကိုကြိတ်ချေပြီး ရလာတာတွေကို နေလောင်ကွက်တွေမှာ လိုက်ပွတ်ပေးပါ။ ဒါကတော့ မိနစ် ၃၀ လောက်လုပ်ပေးရပါမယ်။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ သူ့ကိုတော့ နေ့တိုင်းလုပ်ပေးလည်း ရပါတယ်။

ရိုးရိုးနေလောင်ထားတာဆိုရင် လုပ်စရာမလိုပါဘူးနော်။ နေလောင်ကွက်တွေဖြစ်နေမှသာ လုပ်ပေးရမှာပါ။