ခေါင်းတစ်ခါဖြီးလိုက်တိုင်း ဆံပင်ကိုလက်နဲ့ တစ်ခါသပ်ချလိုက်တိုင်း ကျွတ်ပြီးပါလာတဲ့ဆံပင်တွေကြောင့် စိတ်ညစ်နေလား။ ဒါတွေအတွက် သဘာဝနည်းလမ်းကောင်းတွေရှိပါတယ်။
သဘာဝနည်းလမ်းတွေထဲကနေ ကျွန်မတို့ စားသုံးနေတဲ့အစားအစာတွေနဲ့ ကုစားနည်းကို ဒီနေ့မှာ မျှဝေပေးသွားမှာပါ။
ဈေးကွက်မှာ အလွယ်တကူဝယ်လို့ရနေတဲ့ အလှကုန်ပစ္စည်းတွေကို ခဏမေ့ထားလိုက်ပါနော်။
ပါဝင်ပစ္စည်းတွေကတော့
ငှက်ပျောသီး ၂ လုံး
ကြက်ဥ အနှစ် ၁ လုံး
သံပုယိုသီး အရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ငှက်ပျောသီးကို ပြဲသွားအောင် ဇွန်းနဲ့ ဖိပေးပါ။ ပြီးရင် ပါဝင်ပစ္စည်းအားလုံးကိုသေချာရောပြီးမွှေလိုက်ပါ။
ရလာတဲ့အနှစ်ကို ဆံပင်နဲ့ ဦးရေပြားပေါ်လိမ်းပေးပါ။
ပြီးရင် Shower Cap (သို့) ကျွတ်ကျွတ်အိတ်နဲ့အုပ်ပေးထားပြီး သဘက် အုပ်ပေးထားပါ။ မိနစ် ၄၀ လောက်ဒီအတိုင်းထားပါ။
ပြီးရင်ပုံမှန်အတိုင်းခေါင်းလျှော်ချလိုက်ပါ။