ဆီးချိုရောဂါဆိုတာဟာ ကင်ဆာနီးပါး ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ပြီလို့ စသိလိုက်ရချိန်မှာ ကုသဖို့မကြိုးစားပါက နှလုံးသွေးကြော ရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိထိခိုက်ခြင်း၊ အကြောနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ အသားအရေဆိုင်ရာပြဿနာများနှင့် အယ်လ်ဇိုင်းမားရောဂါတွေပါ ခံစားလာရနိုင်ပါတယ်။
တတ်ကျွမ်းနားလည်တဲ့ သမားတော်၊ ဆရာဝန်ကြီးတွေနဲ့ သွားရောက်ပြသခြင်းဖြင့် သောက်သုံးရမယ့်ဆေးတွေဟာ ဆီးချိုရောဂါ ပိုပြီးဆိုးရွားမလာနိုင်အောင် တားဆီးပေးနိုင်ပြီး ဆီးချိုပမာဏကို ထိန်းချုပ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေလည်း ရှိပါသေးတယ်။
Type 1 ဆီးချို ဘာကြောင့်ဖြစ်တာလဲ
Source: dlife.com
- အစားအသောက်များတွင်ပါဝင်သည့် ဓာတုပစ္စည်းများ၊ အဆိပ်အတောက်များ
- ဘက်တီးရီးယား သို့မဟုတ် ပိုးမွှားများကူးစက်ခြင်း
- မျိုးရိုးလိုက်ခြင်း
Type 2 ဆီးချိုဖြစ်ရသည့် အကြောင်းအရင်း
Source: news.childrensmercy.org
- မျိုးရိုးလိုက်ခြင်း
- ကျန်းမာရေးနဲ့ ညီညွတ်စွာမစားသုံးခြင်း
- အသက်အရွယ်ရလာခြင်း
- အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
လက္ခဏာတွေ
Source: express.co.uk
- မူးဝေခြင်း သို့မဟုတ် ပင်ပန်းခြင်း
- ခေါင်းကိုက်ခြင်း
- မကြာခဏရေဆာခြင်း
- မူးမေ့လဲခြင်း
- အသားအရေယားယံခြင်း
- မကြာခဏ ဆီးသွားခြင်း
- အစားအများကြီးစားခြင်း
- ဝိတ်ကျသွားခြင်း
- မျက်စိအာရုံတွေ ဝေဝါးလာခြင်း
သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ
မာလကာရွက်
Source: freshproducegroup.us
မာလကာရွက်အနည်းငယ်ကို ဒယ်အိုးတစ်လုံးထဲထည့်ပါ။ ရေသန့် တစ်ခွက်ခွဲကို အရွက်တွေပေါ် လောင်းထည့်ပေးလိုက်ပါ။ ရေတစ်ဝက်လောက်ခမ်းသွားတဲ့အထိ မိနစ်အနည်းငယ်လောက် တည်ပေးလိုက်ပါ။ မီးပိတ်ကာ ရေစစ်ပြီး အေးအောင်ထားထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ သောက်လို့ရပါပြီ။
တစ်နေ့လျှင် နှစ်ခွက်မှ သုံးခွက်အထိ သောက်သုံးပေးနိုင်ပါတယ်။
ပန်းသီး
Source: pixabay.com
ဆီးချိုရောဂါ ပိုပြီးဆိုးရွားမလာအောင်နဲ့ ဆီးချိုတက်တဲ့ လက္ခဏာတွေကို ထိန်းချုပ်နိုင်ရန် တစ်နေ့လျှင် အလုံးသေးတစ်လုံးကို အမြဲစားပေးပါ။
ထောပတ်သီး
Source: curetick.com
ဆီးချိုရောဂါခံစားနေရသူများအနေနဲ့ ထောပတ်သီးအလယ်အလတ်ဆိုဒ်တစ်လုံးကို နေ့စဉ်မှန်မှန်စားပေးနိုင်ပါတယ်။
Strawberries
Source: express.co.uk
စတော်ဘယ်ရီတွေမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးပြီး ဖိုက်ဘာပါဝင်မှုမြင့်မားတာကြောင့် ဆီးချိုသမားများအနေနဲ့ စားပေးပါက ဗိုက်ပြည့်အင့်မှုကို ဖြစ်စေသည့်အတွက် သွေးချိုပမာဏကို ထိန်းချုပ်နိုင်ကာ အားအင်ကိုလည်းတိုးစေမှာဖြစ်ပါတယ်။