ဝမ်းချုပ်တယ်ဆိုတာဟာ လူကြီးလူငယ် ကျားမ မရွေး ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုပါ။ အချို့သောဆေးတွေသောက်သုံးခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ လိပ်ခေါင်း၊ ဝမ်းဗိုက်ကြွက်သားအားနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ရေသောက်သုံးမှု လျော့နည်းခြင်း၊ အစားအသောက်မမှန်ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ဝမ်းချုပ်ရတာပါ။

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့အတိုင်း ဝမ်းမသွားဘူးဆိုရင်တော့ တစ်နေ့လုံးလည်း နေလို့ထိုင်လို့ကောင်းမှာမဟုတ်တာကြောင့် ဒီလိုဝေဒနာဆိုးကြီး ပျောက်ကင်းအောင် နည်းလမ်းကောင်းလေးတွေ သိထားလိုက်ပါ။

လီမွန် (သံပုယိုသီး)

Source: Femina.in

လီမွန်တစ်ခြမ်းကို အရည်ညှစ်ကာ ရေနွေနွေးတစ်ခွက်ထဲထည့်လိုက်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံကို ပျားရည်အနည်းငယ်နဲ့အတူ ထည့်မွှေလိုက်ပါ။ ရလာတဲ့အရည်ကို မနက်ခင်း ဘာအစာမှမရှိခင်သောက်သုံးပေးပါ။ ဒါမှမဟုတ် ညနေခင်းမှာသောက်ပေးပါ။ ရက်အနည်းငယ်အတွင်းမှာ ရလဒ်ကောင်းတွေ မြင်တွေ့နိုင်မှာပါ။

ပျားရည်

Source: Medical News Today

ပျားရည်လက်ဖက်ရည် ၂ ဇွန်းကို တစ်နေ့လျှင် ၃ ကြိမ်သောက်သုံးပေးပါ။

နောက်တစ်နည်းအနေနဲ့ လီမွန်အရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည်နဲ့အတူရောကာ ရေနွေးနွေးတစ်ခွက်ထဲ ထည့်မွှေပါ။ အစာမရှိချိန် မနက်ခင်းမှာ သောက်သုံးပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ် သို့မဟုတ် ဖျော်ရည်

Source: hindustantimes.com

ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်ကို နေ့စဉ်သောက်သုံးပေးတာဖြစ်ဖြစ်၊ သဘာဝဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ဖျော်ရည်တစ်မျိုးမျိုးနဲ့ရောကာ မနက်ခင်းမှာ သောက်သုံးပေးပါ။

Featured Image Source: dicademusculacao.com.br