တမာရွက်ကတော့ မြန်မာတို့ရဲ့ဆေးဖက်ဝင်အရွက်မို့ စာဖတ်သူတို့လည်း ရင်းနှီးကြမယ်ထင်ပါတယ်။ တမာရွက်ရဲ့ကျန်းမာရေးအပေါ် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို အနည်းငယ်မျှဝေပေးချင်ပါတယ်။

သွားကျန်းမာရေး

Source: Dental Innovations

တမာရွက်ကို ဝါးပေးတာဟာ သွားဖုံးဆိုင်ရာပြဿနာတွေနဲ့ ခံတွင်းရောဂါတွေကို ပျောက်ကင်းစေပါတယ်။

ဒါ့အပြင် တမာရွက်ကိုအမှုန့်ကြိတ်ပြီး သွားတိုက်ဆေးနဲ့ရောကာ သွားတိုက်ပေးပါ။ သွားပိုးစားတာ၊ သွားဖုံးသွေးထွက်တာတွေကို ကုသပေးနိုင်တဲ့အပြင် သွားတွေကို ဖြူဖွေးခိုင်မာစေပါတယ်။ တခြားသွား၊ ခံတွင်းနဲ့ဆိုင်တဲ့ ပြဿနာတွေအတွက်လည်း တမာရွက်က အထူးကောင်းမွန်ပါတယ်။

အလှအပ

Source: Purility CBD

မျက်နှာပေါ်မှာ အရေးအကြောင်းတွေကို လျှော့ချဖို့ တမာရွက်ကရတဲ့အဆီကိုလိမ်းနိုင်ပါတယ်။ အရေပြားတွန့်တာကို ပျောက်ကင်းစေတဲ့အပြင် အသားအရေကို နုပျိုစိုပြေစေမှာပါ။ ဒါ့အပြင် ကျန်းမာပြီး ဝက်ခြံကင်းတဲ့ အသားအရေကို ရရှိစေမှာပါ။

ဗောက်ထတာနဲ့ ဆံပင်ကျွတ်တာတွေအတွက် သာအက ဆံပင်ဖြူတာတွေအတွက် တမာရွက်ကိုကြိတ်ပြီး ဦးရေပြားပေါ်လိမ်းပေးကာ ၅ မိနစ် ၁၀ မိနစ်လောက်ထားပေးပါ။ ပြီးရင်ခေါင်းလျှော်ချပေးရမှာဖြစ်ပါတယ်။

အနာများ

Source: ALHYDRAN

ထိခိုက်ရှနာတာတွေအတွက် တမာရွက်ကို ဝါးပြီး အုံပေးလိုက်တာနဲ့ အနာကနေတဆင့် တခြားရောဂါပိုးဝင်တာတွေကို ပျောက်ကင်းစေပြီး အနာအကျက်မြန်စေပါတယ်။

ဒါ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့အနာရွတ်တွေကိုလည်းပျောက်ကင်းစေပါတယ်။

တခြားကျန်းမာရေး

Source: Medical News Today

တမာရွက်ကိုကျိုပြီး သောက်ပေးတာဟာ အရိုးတွေကိုသန်မာစေပြီး အဆစ်အမြစ်နဲ့ ကြွက်သား နာကျင်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆဲလ်အသစ်တွေကို ထုတ်လုပ်ပေးပါ။ သွေးတွင်းကြားဓါတ်ကို လျှော့ကျစေတာကြောင့်လည်း ဆီးချိုဖြစ်ပွားမှုကနေကာကွယ်ပေးနိုင်ပါတယ်။