ငှက်ပျောသီးဟာ ဆေးဝါးတွေထက်တောင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ ဗီတာမင် ၊ ပရိုတင်းဓါတ်နဲ့ တခြားအဟာရဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့အသီးပါ။ ဒါ့အပြင် အရသာလည်းရှိ ဈေးနှုန်းလည်း တင့်သင့်တာမို့ အိမ်တိုင်း ဝယ်ယူစားသုံးသင့်ပါတယ်။

အမျိုးသမီးတွေအတွက်ဆို ရာသီမှန်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ တခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီးရဲ့ အံ့မခန်းအစွမ်း

၁။ ငှက်ပျောသီးဟာ အားဆေးလိုပါပဲ။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် အားကစားသမားတွေ အဓိကစားသုံးကြပါတယ်။

၂။ ငှက်ပျောသီးမှာ Amino Acid ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ပျော်ရွှင်စေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓါတ်ကလည်း စိတ်ကျရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆားဓါတ်အနည်းငယ်ပဲပါဝင်ပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၄။ ငှက်ပျောသီးကို တစ်နေ့တစ်လုံးစားပေးတာဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။

eating-banana-1024x682

၅။ ငှက်ပျောသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းရေဂါကို ကုသပေးနိုင်ပါတယ်။

၆။ ငှက်ပျောသီးကိုစားပေးတာ ဟောမုန်းဓါတ်ထုတ်လုပ်မှုကို ဟန်ချက်ညီစေပါတယ်။

bananas

၇။ ကိုယ်ဝန်ဆောင်တွေအတွက် ငှက်ပျောသီးက အထူးသင့်တော်ပါတယ်။ နာကျင်ကိုက်ခဲတာတွေကိုသက်သာစေပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၈။ ငှက်ပျောသီးဟာ အစာအိမ်အတွက် အထူးကောင်းမွန်ပြီး အစာအိမ်ချည်ပေါက်တာ အစာအိမ်နာတာတွေကို လျှော့ချပေးနိုင်ပါတယ်။ အစာအိမ်အတွင်း အက်ဆစ်ထုတ်လုပ်မှုကိုလည်း ထိန်းချုပ်ပေးပါတယ်။

banana-4-625_625x350_71438591035

၉။ ငှက်ပျောသီးမှာ ဗီတာမင်ဓါတ် ၆ မျိုးပါဝင်လို့ သွေးတွင်းဂလူးကိုစ့်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၁၀။ ငှက်ပျောသီးကို မနက်ပိုင်းမှာ ၁ လုံးလောက်စားပေးတာဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။