မနက်ဆို အချိန်မရှိဘူးလား ? ဒါဆို ရိုးရှင်းပြီး လွယ်လွယ်ရနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်လို့ရတဲ့ Smoothies လေး လုပ်သောက်ကြည့်ပါ။ Protein ပြည့်ဝတဲ့ Smoothie တွေက ပရိုတင်းဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး အရသာအတွက်လည်း အပြည့်အဝ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့အပြင် အချိန်မရွေး သောက်သုံးနိုင်ပါတယ်။
တစ်နေ့တာခွန်အားရစေတဲ့အပြင် လုပ်ရတာလည်းလွယ်ပြီး မြန်မြန်ဆန်ဆန်လုပ်လို့ရတာကြောင့် Smoothies က အခုနောက်ပိုင်း ကျန်းမာရေးလိုက်စားတဲ့သူတွေကြားမှာ လူကြိုက်များလာပါတယ်။
ဒါဆို ကျန်းမာရေးနဲ့ညီညွတ်ပြီး အချိန်မကုန်တဲ့ Smoothies ကို ဘယ်လိုလုပ်ရမလဲ ?
1. Tropical Chia Smoothie
မနက်ပိုင်းမှာ Blender မသုံးချင်ဘူးဆိုရင် Chia Seeds ၊ သရက်သီး၊ သီဟိုဠ်စေ့ နဲ့ နို့နည်းနည်းတို့ကိုရောပြီး ရေခဲသေတ္တာထဲမှာ တစ်ညလုံးထည့်ထားလိုက်ပါ။
2. Blueberry Smoothie Bowl
အေးခဲထားတဲ့ ဘယ်ရီသီးများ၊ ဗာဒံနို့၊ ဗာဒံစေ့ထောပတ်နဲ့ vanilla တို့ကို ဇလုံတစ်ခုထဲမှာ အကုန်လုံးကျေညက်သွားတဲ့အထိ ချေလိုက်ပါ။
3. Berry, Chia, and Mint Smoothie
လှီးထားတဲ့ စတော်ဘယ်ရီသီး ၊ ခြစ်ထားတဲ့ beets ၊ Chia Seeds နဲ့ နို့နည်းနည်းတို့ကိုရောပြီး ရေခဲသေတ္တာထဲမှာ မစားခင် ထားလိုက်ပါ။
4. Green Pineapple Coconut Smoothie
အစိမ်းရောင်များများသောက်ချင်ရင်တော့ ဟင်းနုနွယ်ရွက်နည်းနည်း ၊ နာနတ်သီး၊ အုန်းသီး၊ ငှက်ပျောသီးနဲ့ သံပုရာသီးတို့ကို ရောမွှေလိုက်ပါ။
5. Coconut Matcha Shake
Matcha ကြိုက်တဲ့သူဆိုရင်တော့ ပရိုတင်းဓာတ် ပြည့်ဝတဲ့အုန်းနို့နဲ့ရောပြီး Matcha Shake လေးသောက်လို့ရပါတယ်။