အစာအိမ်နေလို့မကောင်းခြင်း၊ အစာမကြေခြင်းတို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ်နာမည်ကြီးတာကတော့ ဂျင်းပါပဲ။ ဂျင်းကိုရေနွေးကြမ်းအနေနဲ့ သောက်သုံးပေးနိုင်ပါတယ်။

Source: eatingwell.com

နောက်တစ်နည်းအနေနဲ့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေခွက်တစ်ဝက်နဲ့ရောပြီး သောက်ပေးပါ။

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နဲ့ရောမွှေပြီး သောက်ပေးပါ။ အစာအိမ်အက်စစ်တွေကို ပြေလျော့စေကာ ဂတ်စ်တွေနဲ့ ဖောရောင်ခြင်းကို သက်သာစေပါတယ်။

Source: target.com

တစ်ခါတစ်လေမှာ အစာမကြေသလိုခံစားရပါက ရေပူပူလေးတစ်ခွက်ကို မှုတ်သောက်ပေးလိုက်ပါ။

Sprite အအေးတွေကို သောက်သုံးခြင်းကလည်း အစာအိမ်တွင်း ဂတ်စ်တွေကို အပြင်သို့ လေတက်ခြင်းဖြင့် ထုတ်ပစ်လိုက်မှာဖြစ်ပါတယ်။

Source: Precision Nutrition

အစားစားတဲ့အခါ ဖြေးဖြေးချင်းဝါးစားပါ။ မြန်မြန်ဆန်ဆန် စားသုံးခြင်းက ဂတ်စ်တွေကို မျိုချမိစေကာ ဖောရောင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။

ညအိပ်ရာမဝင်ခင် သုံးနာရီနောက်ဆုံးထားပြီး အစားစားပေးပါ။ ညအိပ်ခါနီးမှ အစားစားပါက အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။

Featured Image Source: Stylecraze