အမျိုးသမီးရော အမျိုးသားတွေပါ ဗိုက်သား ချပ်ချပ်ကလေးကို လိုချင်ကြပါတယ်။
ကျွန်မတို့ နေစဉ်ဘဝမှာ လက်တွေ ခြေထောက်တွေကိုတော့ အသုံးပြုကြပေမဲ့ ဗိုက်သားကို အသုံးပြုလေ့မရှိတာကြောင့် ဗိုက်မှာ အဆီတွေက စုနေတတ်ပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းမလုပ်ဘဲ ဝိတ်ချရင် အရင်ကဝခဲ့တဲ့ အရေပြားက တွန့်ပြီးကျန်ခဲ့မှာမို့ ဒီလေ့ကျင့်ခန်းတွေကိုလုပ်ပေးသင့်ပါတယ်။
အခုပြောပြမဲ့နည်းလမ်းကတော့ ဗိုက်သားမှာ ကြွက်သားတွေထွက်လာမယ့် လေ့ကျင့်ခန်းမျိုးမဟုတ်ပါဘူး။ အဆီချချင်တဲ့အမျိုးသမီးတွေအတွက်ပါ။
၁။ Crunch
ဒီနည်းလမ်းလေးက ဗိုက်သားကအဆီတွေ ချေဖျက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။
ကျောကိုလှဲလိုက်ပါ။ ပြီးရင် ဒူးခေါင်းနှစ်ဖက်ကို ကွေးဘေးသို့ကားပြီး ခြေထောက်ကို ကြမ်းပြင်နဲ့ ထိအောင်ထားပါ။
ပြီးရင် နောက်ကျောကို ကြမ်းပြင်ကနေ ထပါ။ ပြီးရင်ပြန်လှဲချလိုက်ပါ။ လက်ကိုတော့ ကိုယ်အဆင်ပြေသလို ထားနိုင်ပါတယ်။ လက်ကို နောက်စေ့နားကပ်ပြီး ထားနိုင်သလို နောက်ဖက်ကို တန်းတန်းဆန့်ထားပြီး ထနိုင်ပါတယ်။
၂။ Plank
ခန္တာကိုယ်ကို မှောက်လျက်လှဲပြီး လက်တထောင်ဆစ် (သို့) လက်ဖဝါးနဲ့ ကြမ်းပြင်ကို ထောက်လိုက်ပါ။ ပြီးရင် ခြေထောက်ကိုထောက်ပြီး ခြေချောင်းတွေကို ကြမ်းပြင်နဲထိထားပါ။ ခြေချောင်းနဲ့ လက်ချောင်း(သို့)တဒေါင်ဆစ်တွေပဲ ကြမ်းပင်နဲ့ထိထားရမှာပါ။ ကိုယ်လုပ်နိုင်တဲ့ထိ တောင့်ခံထားပါ။
ခြေထောက်ကို ဒီအတိုင်း ထောက်မထားနိုင်ဘူးဆိုရင်လည်း ဘောလုံးတစ်ခုကို ခံပြီးလုပ်နိုင်ပါတယ်။
၃။ Scissors
ကပ်ကြေးပုံသဏ္ဍန်အနေအထားပါ။ ကျောပြင်ကို လှဲထားပြီး လက်ကို ခါးနောက်မှာ ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြောက်ပြီး ဘယ်ဖက်က ဒူးကိုမြောက်ပြီး ညာဖက်ဒူးကို ထိအောင်လုပ်ပါ။ တစ်ဖက်ချင်းဆီပြောင်းလုပ်ပေးပါ။ တစ်ခါလုပ်ရင် စက္ကန့် ၉၀ လောက်လုပ်ပေးပါ။
အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို ၁၀ မိနစ်ထက် ပိုလုပ်စရာမလိုပါဘူး။ ဒါပေမဲ့ ရလဒ်ကောင်းတွေရရှိလာမှာပါ။