ပုံမှန်လမ်းလျှောက်ပေးရင် နှလုံးကျန်းမာရေး၊ စွမ်းအင်၊ စိတ်ခံစားချက်တို့ တိုးတက်ကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေနိုင်တဲ့အပြင် ဝမ်းဗိုက်အဝလွန်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အဆီချချင်တဲ့လူဆိုရင်တော့ မဖြစ်မနေလုပ်ပေးရမယ့်အချက်တွေထဲမှာ လမ်းလျှောက်တာကို မေ့ထားလို့မရပါဘူး။

မြန်နှုန်း

လမ်းလျှောက်တာက ကျန်းမာရေးအတွက် ကောင်းတဲ့အလေ့အကျင့်ပါ။ ဒါပေမယ့် ရလဒ်ကောင်းတွေရဖို့ တိကျတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ လမ်းလျှောက်တဲ့အခါ မြန်မြန်လမ်းလျှောက်ပါ။

တောင်တက်တာ

စောင်းတစ်ခုမှာ လမ်းလျှောက်တာက လေ့ကျင့်ခန်းရဲ့ပြင်းထန်မှုကို ပေါ့ပေါ့ပါးပါနဲ့ ဘေးကင်းကင်းလုပ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ တင်ပါးနဲ့ တံကောက်ကြောမှာရှိတဲ့ ကြွက်သားတွေကို အဓိကထားတာကြောင့် ကိုယ်ဟန်အနေအထားအတွက်လည်း ကောင်းမွန်ပါတယ်။

အလေးချိန်ရှိတဲ့ အင်္ကျီ

အလေးချိန်ရှိတဲ့ အင်္ကျီတွေက လမ်းလျှောက်လေ့ကျင့်ခန်းအတွက် အရမ်းကောင်းပါတယ်။ လမ်းလျှောက်တဲ့အခါ ကြွက်သားများ၊ အရိုးများနဲ့ အဆစ်များကို သက်ရောက်မှုမရှိဘဲ ကောင်းမွန်တဲ့အနေအထားဖြစ်စေဖို့ အလေးချိန်ရှိတဲ့ အင်္ကျီက ကူညီပေးပါတယ်။

Resistance Exercises

tဆီပိုတွေကို လောင်ကျွမ်းစေမယ့် နောက်တစ်နည်းကတော့ လမ်းလျှောက်နေရင်း ခန္ဓာကိုယ်အလေးချိန် လေ့ကျင့်ခန်းတွေ မိနစ်နည်းနည်းလောက်ထပ်ထည့်ဖို့ပါပဲ။

Warm Up and Cool Down

လမ်းလျှောက်ရတာက လွယ်ကူတယ်လို့ထင်ရပေမယ့် လေ့ကျင့်ခန်းမစခင်မှာ အထူးသဖြင့် အပြင်မှာ အေးတဲ့အချိန် ဒါမှမဟုတ် စိုစွတ်နေတဲ့အချိန်တွေမှာ သင့်ကြွက်သားတွေနဲ့ အဆစ်တွေကို နွေးထွေးအောင်လုပ်ဖို့ အရေးကြီးပါတယ်။ အကြောဆန့်တာမျိုးတွေက ကိုယ်လက်လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်နိုင်ပြီး ကြွက်သားနာတာ ကြွက်တက်တာမျိုးတွေမဖြစ်အာင် ရှောင်ရှားနိုင်ပါတယ်။