မင်္ဂလာပါ…. လူကမဝဘဲ ဗိုက်ဘဲပူနေတဲ့လူတွေ၊  ဝိတ်ချထားလို့ ကျန်တာတွေကျပြီး ဗိုက်မကျလို့ စိတ်ညစ်နေရတဲ့ လူတွေအတွက် ဗိုက်သားလေ့ကျင့်ခန်းလုပ်ခြင်းက အတိုင်းအတာ တစ်ခုအထိ ကူညီပေးပါလိမ့်မယ်။ GYM သွားဖို့လည်း အချိန်မပေးနိုင်သေးဘူးဆိုရင်တော့ အိမ်မှာ ဗိုက်အဆီချဖို့ အောက်ပါဖော်ပြထားတဲ့ အကောင်းဆုံးလေ့ကျင့်ခန်း ၅ ခုကို လုပ်ကြည့်ပါ။

Step Up and Overs + Mountain Climbers

ဒီလေ့ကျင့်ခန်းအတွက် လက်ထဲမှာ Dumbbells တစ်စုံကို ကိုင်ထားလို့ရပါတယ်။ အမြင့်တစ်ခုအပေါ် အတက်အဆင်းလုပ်ရတဲ့ Step Up and Overs လေ့ကျင့်ခန်းကို ၄ ကျော့ လုပ်ပေးပါ။ ပြီးရင် Mountain Climbers ကို ၄ ကျော့လုပ်ပေးပါ။

Mayweather Stand-Up

ဒီလေ့ကျင့်ခန်းက ထိုင်ထလုပ်တဲ့ပုံစံဖြစ်ပြီး ခေါင်းပေါ်မှာ အလေးချိန်နဲ့ မြေကြီးပေါ်မှာ လှဲလိုက်ပါ။ ပြီးရင် ပြန်ထပြီး မတ်တပ်ရပ်ပါ။  ဒီလေ့ကျင့်ခန်းက ကြွက်သားတွေကို အများကြီး အလုပ်လုပ်စေပြီး နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါတယ်။

Alternating Kneel Down + Squat Jump

Alternating Kneel Down အတွက် Dumbbells တစ်စုံကို ကိုင်ထားပြီး ခြေထောက်ကို နောက်ပြန်လှန် ဒူးထောက်ပြီး ထိုင်ချလိုက်ပါ။ ပြီးရင် ပြန်ထတဲ့ပုံစံ ၄ ကျော့လုပ်ပေးပါ။ ပြီးရင် Squat Jump ခုန်ပေးပါ။

Sprawl and Alternating Sit Throughs

ဒါက ရှုပ်ထွေးတဲ့လေ့ကျင့်ခန်းတစ်ခုလိုထင်ရပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီးရင်တော့ ဒါက အိမ်မှာ ဗိုက်အဆီကျဖို့ အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာ သေချာသွားမှာပါ။

Weighted Burpee

ဗိုက်အဆီကျဖို့အတွက် လုပ်ရတဲ့လေ့ကျင့်ခန်းတွေထဲမှာ Burpee  က မပါမဖြစ်ပါဘဲ။