ရေကူးတဲ့လေ့ကျင့်ခန်းနဲ့ပတ်သက်လာရင် လူအများစုက သူ့ရဲ့အကျိုးကျေးဇူးတွေကို သေချာမသိဘဲနဲ့ ကျော်သွားလေ့ရှိပါတယ်။ ရေကူးတာက ပျော်စရာအလွန်ကောင်းတာပေမယ့်လည်း ကိုယ်အလေးချိန်လျော့ချဖို့အတွက်၊ ကြွက်သားတွေတည်ဆောက်ဖို့အတွက်တော့ ထိရောက်တဲ့လေ့ကျင့်ခန်းမဟုတ်ဘူးလို့ မှတ်ယူကြပါတယ်။ တကယ်တမ်းတော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အဖက်ဖက်မှ ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေမှာ ရေကူးခြင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒါကြောင့် ရေကူးခြင်းဖြင့် ကြွက်သားတွေကို တည်ဆောက်နိုင်ပြီး ကျစ်လစ်လာအောင် ဘယ်လိုတွေလုပ်နိုင်မလဲ၊ တစ်နှစ်ပတ်လုံးစုနေတဲ့ ကယ်လိုရီတွေကို ဘယ်လိုကျအောင်လုပ်မလဲဆိုတာကို အခုပဲရှေ့ဆက်ဖတ်ကြည့်လိုက်ရအောင်။

တစ်နှစ်ပတ်လုံး ကြိုက်တဲ့အချိန်ရေကူးနိုင်ခြင်း

Source: Swimming.org

ပထမဦးဆုံးသော အကျိုးကျေးဇူးက တစ်နှစ်ပတ်လုံးမှာ ဘယ်လိုအချိန်ဖြစ်ဖြစ် ရေကူးနိုင်တာပါပဲ။ ရေကူးကန်အများစုဟာ အတွင်းဖက်မှာပဲ တည်ဆောက်ထားတာကြောင့် မိုးရွာမှာ၊ ရာသီဥတုအေးမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ ရာသီဥတုပူတဲ့အခါမှာလည်း လေအေးမရမှာကိုလည်း မပူရဘူးပေါ့။ ဒါကြောင့် ရေကူးခြင်းကို သင့်ရဲ့ တစ်ပတ်စာအချိန်ဇယားထဲမှာ ထည့်ထားလိုက်ပါတော့။

ခန္ဓာကိုယ်ကို ပိုပြီးပျော့ပျောင်းမှုရှိစေခြင်း

Source: The Spokesman-Review

ရေကူးခြင်းရဲ့ အဓိကအကျိုးကျေးဇူးတစ်ခုဖြစ်ပြီး Gym တွေသွားသည့်အခါ စက်ပစ္စည်းတွေကို အသုံးပြုရတာဖြစ်သည့်အတွက် အရိုးအဆစ်နာကျင်ခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ သို့သော်လည်း ရေကူးခြင်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေအကုန်လုံးကို အလုပ်လုပ်စေခြင်းဖြင့် ကျစ်လစ်လာစေပါတယ်။

အဆီပိုတွေ ဖယ်ရှားပစ်ခြင်း

Source: hanovia.com

ရေကူးခြင်းက ကယ်လိုရီတွေအမြောက်အမြားကို လောင်ကျွမ်းစေအောင် ကူညီပေးနိုင်တာကြောင့် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီရာခိုင်နှုန်းကို နိမ့်ကျစေပြီး ကြွက်သားတွေကို ပိုမိုဖြစ်တည်စေပါတယ်။

ကြွက်သားတွေကို သန်မာစေခြင်း

Source: Reader’s Digest

ရေကူးသည့်အခါမှာ ကြွက်သားတွေကို အဓိကအသုံးပြုရတာဖြစ်သည့်အတွက် ရေကူးခြင်းက ကြွက်သားတွေကို ကျစ်လစ်သန်မာလိုသူများအတွက် အကောင်းဆုံးပါပဲ။ ကူးခတ်လိုက်တဲ့ အကြိမ်ရေတိုင်းပေါ်မူတည်ပြီး၊ သင့်ရဲ့လက်၊ ခြေထောက်နှင့် အားအင်တို့ကို အသုံးပြုရတာဖြစ်သည့်အတွက် သင်ကူးခတ်နိုင်လေ ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးဖြစ်လေပါပဲ။

ထိခိုက်ဒဏ်ရာများမှ သက်သာစေရန် အကူအညီဖြစ်စေခြင်း

Source: verywellfit.com

အကယ်လို့ သင်ဟာ ထိခိုက်ဒဏ်ရာရရှိထားသူဖြစ်စေ၊ အရိုးအဆစ်နှင့် ကျောရိုးနာကျင်မှုတို့ကို ရေရှည်ခံစားနေရပါက ရေကူးခြင်းက အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါလိမ့်မယ်။ ထိုဝေဒနာ၊ ဒဏ်ရာများကို ပိုပြီးဆိုးရွားသွားစေမှာမဟုတ်သလို နာကျင်မှုကိုပင် သက်သာဖြေလျော့စေနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ချလိုသူများအနေနဲ့ ရေကူးတာတစ်ခုထဲနဲ့တော့ ဝိတ်ကျမှာမဟုတ်တာကြောင့် ရေကူးခြင်းအပြင် ကယ်လိုရီကို နည်းနိုင်သမျှ နည်းအောင် သတိထားပြီး စားသုံးရပါမယ်။ နောက်တစ်ခုအနေနဲ့ကတော့ ကျစ်လစ်သန်မာတဲ့ ကြွက်သားတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ပရိုတင်းကိုလည်း ထည့်သွင်းစားသုံးပေးပါ။

Credit: WINGMAN