ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်သူများအနေနဲ့ ညဖက်တွင် ၈ နာရီထက်ပိုပြီးမအိပ်စက်သင့်ဘူးဆိုတာကို သိထားကြပါတယ်။ ဒါပေမယ့်လည်း ၈ နာရီထက်ပိုပြီး မအိပ်စက်သင့်ဘူးဆိုတာကို မသိသေးတဲ့လူများရှိနေသေးသလို အိပ်စက်မိပါက ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

အချိန်ကြာကြာအိပ်စက်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ကိုယ်အလေးချိန်တက်ခြင်း

သုတေသီများ၏ ရှာဖွေတွေ့ရှိချက်များအရ အိပ်ချိန်နည်းသူများ၊ အချိန်ကြာကြာအိပ်စက်သူများဟာ ဆီးချိုရောဂါ၊ အဝလွန်ရောဂါများဖြစ်လာနိုင်ပါတယ်။ တနေ့တာမှာ လှုပ်ရှားမှုနည်းပါးတာကြောင့်လည်း ကိုယ်အလေးချိန်တက်တာဖြစ်နိုင်ပြီး နောက်ကျမှအိပ်ရာထတာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်မရှိဖြစ်သွားပါတယ်။

၂။ နှလုံးရောဂါ

အချိန်ကြာကြာအိပ်စက်မိပါက တန်ဖိုးရှိလှတဲ့အချိန်တွေကို လက်လွှတ်လိုက်ရရုံသာမက နှလုံးရောဂါလည်း ရရှိလာနိုင်ပါတယ်။ ယနေ့ခေတ်မှာ နှလုံးရောဂါက သေဆုံးမှုမကြာခဏဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲမှ တစ်ခုဖြစ်လာပြီး ၈ နာရီထက်ပိုပြီး အိပ်စက်ခြင်းက နှလုံးအမောဖောက်ပြီး သေဆုံးခြင်းအခွင့်အလမ်းကို ပိုမိုများပြားစေပါတယ်။

၃။ ခေါင်းကိုက်ဝေဒနာ

အိပ်ရေးနည်းပါးသည့်အခါ ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေသလို အချိန်ကြာကြာအိပ်စက်မိပါကလည်း ခေါင်းကိုက်လာစေနိုင်ပါတယ်။ ပိတ်ရက်တွေ၊ အားလပ်ရက်တွေမှာတောင် အိပ်ရာထဲမှာပဲ အချိန်ကုန်မနေသင့်ပါဘူး။ မဟုတ်ပါက ဆိုးရွားလွန်းတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားလာရနိုင်ပါတယ်။

၄။ မှတ်ဉာဏ်ပြဿနာများ

အချိန်အကြာကြီးအိပ်စက်ခြင်းဟာ ဦးနှောက်အလုပ်လုပ်မှုကိုလည်း သက်ရောက်စေတာကြောင့် ညဖက်တွေမှာ နိုးနိုးနေပြီး အိပ်ရေးမဝနိုင်တော့တာပါ။ ထို့အပြင် ဦးနှောက်ရဲ့မှတ်ဉာဏ်ပိုင်းအပေါ်မှာလည်း ထိရောက်လာပြီး အာရုံစူးစိုက်နိုင်စွမ်းအား၊ မှတ်ဉာဏ်အားစွမ်းရည်တွေကို လျော့နည်းလာစေပါတယ်။

၅။ မျက်စိကြောင်ခြင်း

ညဖက်တွေမှာ အိပ်မရဘဲ မျက်စိကြောင်နေခြင်းဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထများကြောင့်ဖြစ်ပေါ်လာတာပါ။ ဥပမာအနေနဲ့ပြောရရင်တော့ ညနောက်ကျတဲ့အထိ ကွန်ပျူတာသုံးနေပြီး နောက်တစ်နေ့ကူးမှ ပိုအိပ်ဖို့ဆုံးဖြတ်ခြင်းက နောက်နေ့တွေမှာ အိပ်မပျော်ခြင်း၊ မျက်စိကြောင်နေခြင်းတို့ကို ဖြစ်လာစေပါတယ်။

Credit: BrightSide