မျက်ကပ်မှန်တပ်တာတွေကလည်း ဖက်ရှင်တစ်ခုလိုပဲပေါ့…။ တပ်လိုက်ရင်လှတယ်ဆိုပေမယ့်လည်း လိုက်နာသင့်တာတွေကို မလိုက်နာနေဘူးဆိုရင်တော့ သင့်မျက်လုံးကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ မျက်လုံးပါဝါတွေများနေလို့ မျက်ကပ်မှန်တပ်တဲ့သူတွေလည်း ရှိသလို အလှအနေနဲ့တပ်နေတဲ့ သူတွေလည်းရှိပါတယ်။ ဘယ်လိုကြောင့်ပဲတပ်တပ် လိုက်နာသင့်တာတွေကို မလိုက်နာနေဘူးဆိုရင်တော့ ထိခိုက်မှုတွေရှိလာမှာနော်။

မျက်ကပ်မှန်တပ်နေတဲ့သူတွေအနေနဲ့ ဒီလိုအချက်တွေဖြစ်လာပြီဆိုရင်တော့ သင်တပ်နေတဲ့မျက်ကပ်မှန်ကို မတပ်ပဲနေလိုက်သင့်ပါပြီနော်။ တစ်ဘဝလုံးအတွက် အရေးကြီးတဲ့မျက်လုံးကျန်းမာရေးကို မထိခိုက်အောင် ဒီအချက်တွေကိုမဖြစ်မနေ ဂရုစိုက်သင့်ပါတယ်နော်။

မျက်လုံးတွေယားယံလာတာ

Source: Healthline

မတပ်သင့်တော့တဲ့မျက်ကပ်မှန်တွေ တော်တော်များများကတော့ မျက်လုံးထဲမှာနေရထိုင်ရခက်တာမျိုးတွေကို ခံစားရစေတာမျိုးတွေရှိပါတယ်။ သင့်မျက်လုံးတွေက မျက်ကပ်မှန်တပ်လိုက်တဲ့အချိန်တွေမှာ ယားယံတာတွေကို ခံစားလာရပြီဆိုရင်တော့ မျက်ကပ်မှန်ကိုဆက်ပြီးတော့ မတပ်သင့်တော့ပါဘူး။ သင်မှာမျက်ကပ်မှန်နဲ့ ဓာတ်မတည့်တာမျိုးတွေရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

မျက်လုံးတွေပူလာတာ

Source: Medical News Today

သင့်အနေနဲ့မျက်ကပ်မှန်တပ်ထားတဲ့အချိန်မှာ သင့်မျက်လုံးတွေပူပြီးစပ်လာတာကို ခံစားလာရပြီဆိုရင်တော့ မျက်ကပ်မှန်ကိုဆက်ပြီးတော့ မတပ်သင့်တော့ပါဘူး။ ဒီလိုအချက်တွေကလည်း သင့်မှာမျက်ကပ်မှန်နဲ့ ဓာတ်မတည့်တဲ့ပြဿနာတစ်ခုခု ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

ခေါင်းကိုက်လာမယ်

Source: Reader’s Digest

မျက်ကပ်မှန်တပ်တဲ့အချိန်မှာလည်း ခေါင်းကိုက်တာတွေကို ခံစားလာရမယ်ဆိုရင်လည်း သင့်နဲ့မကိုက်ညီတဲ့မျက်ကပ်မှန်ကို တပ်ထားမိတာတွေကြောင့်ပဲဖြစ်ပါတယ်။ အချိန်ကြာကြာမျက်ကပ်မှန်ကို တပ်ထားတာတွေကြောင့် ဒါမှမဟုတ် အရေအသွေးနိမ့်တဲ့ပစ္စည်းတွေကို အသုံးပြုတာကြောင့်လည်း ခေါင်းကိုက်တာတွေကို ခံစားရစေပါတယ်။

မျက်လုံးတွေနီရဲလာမယ်

Source: Trillium Eye Care

မျက်လုံးတွေနီရဲလာတယ်ဆိုတာ မျက်လုံးထဲကိုဘက်တီးရီးယားတွေ ဝင်ရောက်နေတာကြောင့်လည်း ဖြစ်ပါတယ်။ မျက်ကပ်မှန်တပ်တဲ့အခါမှာ လိုက်နာသင့်တဲ့အချက်တွေကို သေချာမလိုက်နာပဲ ဂရုမစိုက်တာတွေကြောင့်လည်း မျက်လုံးထဲကိုပိုးဝင်တာတွေ ဖြစ်လာတာပါ။

မျက်လုံးခြောက်တာ

Source: stlukeseye.com

ဒါကတော့ ကြီးမားတဲ့ပြဿနာတစ်ခုပါပဲ။ မျက်ကပ်မှန်တပ်တာကြောင့် တော်တော်များများမှာ အဖြစ်များနေတဲ့ ပြဿနာတစ်ခုပါ။ မျက်ကပ်မှန်တပ်တဲ့အခါမှာ သေချာဂရုမစိုက်တာတွေကြောင့် သင့်မျက်လုံးကို ပျက်စီးမှုတွေအထိဖြစ်လာစေနိုင်ပါတယ်။