ကျန်းမာရေးအတွက်က အစာချေစနစ်ကောင်းမွန်ဖို့အရေးကြီးသလို ကျန်းမာရေးနဲ့ အလှအပကလည်း ဆက်စပ်နေတဲ့အရာပါ။ သင့်ကိုလည်း စိတ်အပန်းပြေစေမယ့်အပြင် ခန္ဓာကိုယ်အလှတိုးစေတဲ့ ယောဂလေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။
၁။ အရင်ဆုံး ခြေထောက် ဒူးနဲ့ ရင်ဘတ်ကို မတ်မတ်ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို ၃ ပေ လောက်ကားလိုက်ပါ။ လက်ကို ပုခုံးနှစ်ဖက် ဆန့်ထုတ်လိုက်ပါ။ ညာဖက်ခြေထောက်ကို အခုပုံမှာပြထားသလို ဘေးဖက် ကြက်ခြေခတ်ထုတ်ပေးပါ။ ပြီးရင် ဘယ်ဖက်လက်နဲ့ထိပေးပြီး ညာဖက်လက်ကိုအပေါ်တန်းတန်းမြောက်ကာ မျက်လုံးကို ညာဖက်လက်နားကြည့်ပေးပါ။ ပြီးရင်အဲဒီအတိုင်း ၁ စက္ကန့်လောက်နေပြီး အသက်မှန်မှန်ရှုပါ။ အဲဒီနောက် နဂိုပုံအတိုင်းပြန်နေပြီး နောက်တစ်ဖက်ပြောင်းပါ။
၂။ သင့်ရဲ့ ရင်ဘတ်ကိုဖွင့်ထားပြီး အသက်ရှုရမှာဖြစ်ပါတယ်။ ပခုံး နောက်ကျာနဲ့ ဝမ်းဗိုက်ကို တန်းတန်းထားရမှာပါ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအစာချေစနစ်ကောင်းမွန်စေသလို ဝမ်းဗိုက်ကအဆီတွေကို လျှော့ချပေးပါတယ်။ အရင်ဆုံး ဝမ်းလျားမှောက်လိုက်ပါ။ လက်နှစ်ဖက်ကို ပခုံးနဲ့တန်းတန်းချပြီး ကြမ်းပြင်နဲ့ထောက်ထားပါ။ ပြီးရင် ခြေဖမိုးနဲ့ ကြမ်းပြင်ကိုထိထားပါ။ ခေါင်းကိုမော့လိုက်ပြီး မျက်နှာကျက်ကိုကြည့်ပါ။ ပြီးရင် အသက်ကို ခပ်ဖြည်းဖြည်း ရှုထုတ်လိုက် သွင်းလိုက်လုပ်ပေးပါ။ ၁ မိနစ်နေပေးပြီး နဂိုပုံအတိုင်းပြန်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ ၃ ကြိမ်ကနေ ၅ ကြိမ်ထိလုပ်ပေးပါ။
၃။ အရင်ဆုံး ကြောလှဲနေပါ။ ပြီးရင် ခြေထောက်ကို ကြမ်းပြင်ပေါ်ချထားပေးပါ။ အဲဒီနောက် အသက်ရှုသွင်းပြီး ဒူးကိုကွေး အပေါ်မြောက်ကာ လက်နဲ့ ပိုက်ထားပေးပါ။ ပြီးရင် အသက်ရှုထုတ်လိုက် ရှုသွင်းလိုက်လုပ်ပေးပါ။ ၅ ကြိမ် ၁၀ ကြိမ်လောက်အသက်ရှုပေးပြီးရင် နဂိုအတိုင်းပြန်ထားပါ။ ပြီးရင်ပြန်လုပ်ပါ။ ဝမ်းဗိုက်ကအဆီတွေကိုလျှော့ချပးမယ့်အပြင် လေပွတာ အစာမကြေတာကို သက်သာစေမှာပါ။
၄။ ကိုယ်ကိုမတ်မတ်နေပါ။ ပြီးရင် ခါးကိုင်းပြီး လက်ကိုကြမ်းပြင်နဲ့ ထိနိုင်သလောက်ထိထားပေးပါ။ ဒါမှမဟုတ်လည်း လက်ကို ဒူးခေါင်းနားပတ်ထားပေးပါ။
၅။ အရင်ဆုံး ဒူးထောက်ထိုင်ချလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကိုအနောက်ပစ်ပြီး ခြေမျက်စိကိုကိုင်ထားပေးပါ။ ခေါင်းကိုအပေါ်မော့ပေးထားပါ။ ဒီပုံအတိုင်း ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိနေပေးပါ။ သင့်ကို တက်ကြွစေမှာဖြစ်ပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ခန္ဓာကိုယ်အချိုးအစား ပိုလှလာစေမှာဖြစ်ပါတယ်။