ယနေ့ခေတ်လို မြန်ဆန်လွန်းလှတဲ့ အရှိန်နှုန်းနဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ခေတ်ကြီးမှာ နေထိုင်နေသူများဟာ အရာရာတိုင်းကို ဂရုတစိုက်နဲ့ပြုလုပ်ဖို့အတွက် အချိန်လုံလုံလောက်လောက် မပေးနိုင်ကြတော့ပါဘူး။ အစားအသောက်စားတဲ့အခါမှာလည်း ကိုယ့်အတွက်ကောင်းလား၊ မကောင်းလားဆိုတာကို မခွဲခြားတော့ဘဲ မြန်မြန်ဆန်ဆန်စားသုံးကြခြင်းဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများအပေါ်မှာ မကောင်းတဲ့သက်ရောက်မှုတွေဖြစ်ပေါ်စေပါတော့တယ်။

ဒါကြောင့် တစ်နေ့ပြီးတစ်နေ့ စုဝေးလာတဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားသန့်စင်ပစ်နိုင်ဖို့ စားသုံးပေးရမယ့် အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ သကြားမုံလာ

သကြားမုံလာမှာ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်နှင့် ဘီသိန်းလို့ခေါ်တဲ့ Antioxidant တို့ ပါဝင်နေပါတယ်။ ဘီသိန်းဓာတ်ဟာ ဆဲလ်တွေဖြစ်တည်မှုကို အားကောင်းစေပြီး အဆိပ်အတောက်တွေဖယ်ရှားရာမှာ အဓိကကျသော အသည်းအတွင်းရှိ ဆဲလ်တွေကို ပြန်လည်သန်စွမ်းလာစေပါတယ်။

သကြားမုံလာကို ဖုတ်တာဖြစ်ဖြစ်၊ ကင်တာဖြစ်ဖြစ်ပြုလုပ်ပြီး စားသုံးနိုင်သလို အခွံမခွာပဲနဲ့လည်း ပေါင်းပြီး၊ ပြုတ်ပြီး စားသုံးနိုင်ပါတယ်။ တခါတလေမှာ Salad အနေနဲ့လည်း အစိမ်းလိုက်စားသုံးတာရှိပါသေးတယ်။

၂။ ကြက်သွန်အဖြူအနီ

ကြက်သွန်အဖြူရော အနီမှာပါ အသည်းရဲ့အကောင်းဆုံးသော Antioxidant ဖြစ်သည့် Glutathione တွေထုတ်လုပ်မှုမှာ ကူညီပေးနိုင်သော Flavonoids များပါဝင်နေပါတယ်။ အဆိပ်အတောက်များကို ဖယ်ရှားပစ်သည့် အန်ဇိုင်းတွေထုတ်လုပ်သည့်အခါ အားဖြည့်ပေးပြီး အစာခြေဖျက်အားကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအစိတ်အပိုင်းများကိုလည်း ပိုးမွှားများရန်မှ ကာကွယ်ပေးပါသေးတယ်။

၃။ အစိမ်းရောင်အရွက်များ

အစိမ်းရောင်အရင့်ရှိတဲ့ အရွက်များဟာ အစာခြေလမ်းကြောင်းကို အားဖြည့်ပေးပြီး ကိုယ်တွင်းရှိ အဆိပ်အတောက်များနှင့် Free Radicals များကိုပါ ကောင်းမွန်သော ဒြပ်ထုများအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက လေးလံသော ဒြပ်ထုများကိုလည်း သန့်ရှင်းပစ်ပါသေးတယ်။

၄။ သံပုယိုရည်

အချဉ်ဓာတ်ရှိသည့် အသီးအနှံများဟာ ဗီတာမင်စီနှင့် Antioxidants များ အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်အတွက် အထူးကောင်းမွန်ပါတယ်။

ရေနွေးနွေးတစ်ခွက်ထဲကို သံပုယိုသီး သို့မဟုတ် သံပုရာသီးအရည်ညှစ်ထည့်၊ ဆားတစ်မှုန်နှစ်မှုန် ဒါမှမဟုတ် ပျားရည်အနည်းငယ်ဖြစ်ဖြစ် မနက်ခင်းတိုင်း အစာမစားခင်မှာ သောက်သုံးပေးပါက တစ်နေ့တာအတွက်လိုအပ်သော အားအင်ကိုမြှင့်တင်ပေးပြီး အသားအရေကိုလည်း ပိုမိုလှပလာစေမှာဖြစ်ပါတယ်။

၅။ ဒိန်ချဉ်

ဒိန်ချဉ်တွင် ကျန်းမာရေးအတွက်ကောင်းမွန်သော Probiotics များပါဝင်ပြီး အစာခြေစနစ်ကိုကောင်းစေကာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတုံ့ပြန်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ အစာခြေစနစ်အားကောင်းသည့်အခါ ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပစ်နိုင်တာကြောင့် အဆီမပါဝင်သော ဒိန်ချဉ်ကို အမြဲတမ်းစားသုံးပေးပါ။

၆။ ဂျင်း

ဂျင်းကတော့ ဖောရောင်ခြင်းတွေကို သက်သာစေတဲ့ သဘာဝအမျိုးအမယ်တစ်ခုဖြစ်ပြီး အူမကြီးကို သေချာအလုပ်လုပ်စေကာ အညစ်အကြေးများနှင့် မကောင်းသော အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ထို့အပြင် အစာအိမ်အက်စစ်ထုတ်လုပ်မှုကိုလည်း တိုးတက်စေပြီး ကပ်ပါးကောင်များကို သေစေတာကြောင့် ကူးစက်ရောဂါများမှ ကင်းဝေးစေပါတယ်။

ဂျင်းရေနွေးကြမ်းကို သံပုယိုရည်၊ ပျားရည်တို့ဖြင့်ပေါင်းစပ်ကာ သောက်သုံးပေးနိုင်ပါတယ်။

၇။ မုန်လာဥနီ

မုန်လာဥနီများတွင် Glutathione ကြွယ်ဝစွာပါဝင်ပြီး အဆိပ်အတောက်တွေ ပြေပျောက်စေသည့် ဟင်းသီးဟင်းရွက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Beta-carotene နှင့် ဗီတာမင်အေတို့ ပါဝင်သေးသည့်အတွက် ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေပါတယ်။

၈။ သခွားသီး

သခွားသီးများဟာ အစာခြေလမ်းကြောင်းအတွက် အားဖြစ်စေပြီး အသည်းကိုလည်းသန့်စင်ပေးပါတယ်။ ရေဓာတ်ပြည့်ဝနေစေဖို့အတွက်လည်း အထောက်အကူဖြစ်သလို ဆီးများများသွားစေခြင်းဖြင့် သွေးနှင့်အူအတွင်းမှ အဆိပ်အတောက်များ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးပါတယ်။

Credit: BrightSide