ကလေးတွေဟာ ဝဝကစ်ကစ်နဲ့ ချစ်ဖို့ကောင်းတာမှန်ပေမယ့် ငယ်ရွှယ်စဉ်မှာကတည်းကအရမ်းကြီးအဝလွန်နေမယ်ဆိုရင်တော့ ကျန်းမာရေးရှု့ထောင့် အရ ပြဿနာရှိနိုင်ပါတယ်။ကလေးတွေရဲ့လက်ရှိအသက်အရွယ်မှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုနေတာကို ထိန်းသိမ်းမှုမပြုလုပ်ဘူးဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါတွေမွေးမြူပေးသလိုဖြစ်နေမှာဖြစ်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ အခုပြောပြမယ့်အချက်တွေအတိုင်း ကလေးတွေ အဝမလွန်အောင်ထိန်းသိမ်းဖို့အကြံပြုချင်ပါတယ်။

(၁) ကျန်းမာတဲ့အစားအသောက်တွေကျွေးပါ

Source : ClipDealer

ကလေးအများစုက ချိုတဲ့အစားအစာတွေ အလွန်အမင်းကြိုက်နှစ်သက်ကြပေမယ့် ဟင်းသီးဟင်းရွှက်တွေစားသုံးဖို့ကိုတော့ တွန့်ဆုတ် နေတက်ကြပါတယ်။ ငယ်စဉ်ကတည်းက ဟင်းသီးဟင်းရွှက်တွေ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစားတက်ဖို့ကို လေ့ကျင့်ပေးထားမယ်ဆိုရင် အဝလွန်ဖို့ရာခိုင်နှုန်းတော်တော်လေးနည်းပါးသွားမှာဖြစ်ပါတယ်။ဒါကြောင့် ချိုတဲ့အစားအစာတွေထက် သစ်သီးဝလံတွေ ဟင်းသီးဟင်းရွှက်တွေကို မဖြစ်မနေစားတက်အောင်ကျွေးဖို့ တိုက်တွန်းချင်ပါတယ်။

(၂) အလွန်အကျွံစားခြင်းကိုထိန်းချုပ်ပါ

Source : BabyCenter

မိဘတွေဟာ ကိုယ့်ရဲ့သားသားမီးမီလေးတွေ အစားများများစားတာကိုသဘောကျကြပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ကကေးကဗိုက်မစားလည်း လိုတာထက်ပိုပြီးအစားအသောက်တွေကို အလွန်အကျွံစားနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာအဆီပိုတွေ စုလာပြီး အဝလွန်ခြင်းကို ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို အစားစာတဲ့အခါ လိုတာထက်ပိုပြီးအများကြီးမစားဖို့ အစာကိုဖြည်းဖြည်းနဲ့ ကြေညှက်အောင်စားဖို့လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။

(၃) အပြင်စာတွေဝယ်ကျွေးမှုကိုရှောင်ကျဉ်ပါ

Source : aol.com

ကလေးအများစုက ဖေဖေမေမေတို့ဝယ်လာတက်တဲ့ ပြင်ပက အစားအစာတွေကို ကြိုက်နှစ်သက်ကြပါတယ်။သင့်အနေနဲ့ တစ်ခုသတိထားရမှာက ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေကို ဝယ်မကျွေးမိဖို့ပါပဲ။ဥပမာအားဖြင့် အဆီများတဲ့ Fast Food တွေ အသင့်စားအာလူးကြော်ထုပ်တွေ Snack တွေ စသည်ဖြင့် ကလေးတွေကြိုက်တဲ့အစားအသောက်တွေဖြစ်ပေမယ့် ကလေးတွေရဲ့ ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အစားအသောက်တွေဝယ်ကျွေးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

(၄) တီဗီနဲ့ ဖုန်းကြည့်ချိန်တွေကိုကန့်သတ်ပါ

Source : rapidtvnews.com

တီဗီရှေ့မှာအကြာကြီးထိုင်နေတာတွေ ဖုန်းအကြာကြီးထိုင်ကြည့်နေတာတွေက ဝမ်းဗိုက်နဲ့ ခါးမှာအဆီပိုတွေစုလာစေမယ့် အကြောင်းအရင်း တစ်ရပ် ဖြစ်ပါတယ်။ ကလေးတွေငြိမ်ရင်ပြီးရောဆိုပြီး တီဗီအကြာကြီးဖွင့်ပြပေးထားတာ ဖုန်းတွေပေးသုံးထားတာမျိုးမလုပ်သင့်ပါဘူး။ အချိန်အကန့်အသတ် တစ်ခုနဲ့ သာဖုန်းတွေ တီဗီတွေကိုပြသင့်ပါတယ်။

(၅) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ

Source : 123RF.com

ကလေးတွေရဲ့ ကျန်းမာရေးအတွက် နေ့စဉ်ပုံမှန်အားကစားပြု လုပ်ပေးဖို့လည်းလိုအပ်ပါတယ်။ များသောအားဖြင့် ကလေးတွေ ခုန်ပေါက် ဆော့ကစားတက်ကြလို့ အားကစားသီးသန့်ထပ် လုပ်ပေးစရာမလိုဘူးလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ဒါပေမယ့်လည်း တစ်နေ့ကုန် စားလိုက်ဆော့လိုက်အိပ်လိုက်နဲ့ ကြာတဲ့အခါ ကလေးရဲ့ခန္ဓာကိုယ်မှာမလိုလားအပ်တဲ့ အဆီတွေစုလာပြီး အဝလွန်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့်ကလေးတွေ အတွက်တစ်နေ့ကို နာရီဝက်လောက်အချိန်ပေးပြီး လမ်းလျှောက်ခြင်း စက်ဘီးနင်းခြင်း ရေကူးခြင်းစသည်ဖြင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

Reference Source : https://www.healthline.com/health/how-to-prevent-obesity?fbclid=IwAR0NdJICGhY1l7LvQiQP_H6qBYwV2RojT51MoVTqxTASBac3-UG6dTO7X8Qb