ညတွင်သင့်ခန္ဓာကိုယ်က ကယ်လိုရီ ၃၀၀ မှ ၄၀၀ အကြားလောင်ကျွမ်းပါတယ်။ အဲဒါက တစ်နာရီလောက်ကြာအောင် ပြေးလိုက်သော သင့်စွမ်းအင် ပမာဏနှင့်တူညီပါတယ်။ ကျွမ်းကျင်ပညာရှင်များက ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်ခြင်းက ကိုယ်လက်လေ့ကျင့်ခန်းများကဲ့သို့ ကိုယ်အလေးချိန် ကျစေနိုင်တယ်လို့ဆိုပါတယ်။ သင်က ၎င်းကိုအလုပ်လုပ်စေလိုပါက သင်ရဲ့အိပ်ချိန်တွင် ဇီဝဖြစ်ပျက်မှုများကို မြှင့်တင်ပေးနိုင်သော အကျင့်အချို့ကို လိုက်နာဖို့အရေးကြီးပါတယ်။

ဒီဆောင်းပါးကနေပြီး အားထုတ်မှုနည်းနည်းဖြင့် ကိုယ်အလေးချိန်ကျချင်ရင် ဘယ်လိုနည်းလမ်းတွေကအသုံးဝင်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။အေးစက်စွာအိပ်စက်ခြင်း

ကျွမ်းကျင်သူများက သင်ရဲ့ဇီဝဖြစ်ပျက်မှုကိုမြှင့်တင်ရန်အတွက် သင့်အိပ်ခန်းအပူချိန်ကိုညအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် (၆၄.၄ ° F) တွင်ထားရန် အကြံပြုပါတယ်။ လေ့လာမှုများအရ အေးမြသောပတ်ဝန်းကျင်က အပူရှိန်လျှော့ချခြင်းအတွက် တာဝန်ရှိတဲ့ အဝါရောင်အဆီဆဲလ်များကို လှုံ့ဆော် ပေးပါတယ်။ သင်ဟာ အအေးခန်းထဲမှာ အိပ်တဲ့အခါ ဒါမှမဟုတ် ကိုယ်ဗလာနဲ့အိပ်နေတဲ့အခါမှာ သင့်ရဲ့ခန္ဓာကိုယ်ကအပူကိုထိန်းသိမ်းရန် စွမ်းအင်များကို များများလောင်ကျွမ်းစေပါတယ်။ ဒါကြောင့်မို့ မနက်မှာသင်ဟာ ကိုယ့်ကိုယ်ကိုပိုပိန်လာစေတာကို တွေ့နိုင်မှာပါ။

၂။စပျစ်သီးဖျော်ရည်သောက်ခြင်း

resveratrol လို့ခေါ်တဲ့အထူးပစ္စည်းတစ်ခုပါဝင်တဲ့စပျစ်သီးဖျော်ရည်က ကယ်လိုရီကိုလောင်ကျွမ်းစေပါတယ်။ စပျစ်သီးဖျော်ရည်က မကောင်းသော အဖြူရောင်အဆီကို အညိုရောင်အဆီအဖြစ်သို့ ပြောင်းလဲပေးတယ်။ သင်အိပ်နေစဉ် သင့်ခန္ဓာကိုယ်ကို နွေးထွေးစေရန်အတွက် အညိုရောင်အဆီကို သုံးတယ်။ ဒါ့ကြောင့်အိပ်ရာမဝင်ခင် စပျစ်သီး ဖျော်ရည်တစ်ခွက်သောက်ခြင်းက သင့်အထဲတွင် အဆီပိုများသိုလှောင်မယ့်အစား ဖယ်ရှားပစ်ခြင်း ဖြစ်တယ်။ မလိုအပ်သောသကြားစားသုံးမှုကိုရှောင်ရှားရန်အတွက် လတ်ဆတ်သောအသီးဖျော်ရည်များကို သောက်သုံးပါ။

၃။အိပ်ရာဝင်ချိန်၊နိုးချိန်သတ်မှတ်ပါ

Source;Depositphotos.com

အချိန်သတ်မှတ်ထားမှုမရှိသောအိပ်စက်ခြင်းက ကိုယ်အလေးချိန်တက်ခြင်းနဲ့ဆက်စပ်တယ်လို့ လေ့လာမှုများကဆိုပါတယ်။ ပုံမှန်အားဖြင့်၎င်းသည် melatonin ဟော်မုန်းဖြစ်တယ်။၎င်းကကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။သင်ရဲ့အိပ်စက်ခြင်းက တသမတ်တည်းမရှိဘူးဆိုရင် သင်က Melatonin ထုတ်လုပ်မှုကို၀င်ရောက်စွက်ဖက်ပြီး အိပ်စက်ခြင်းရဲ့စွမ်းရည်ကိုပါ ဆုံးရှုံးလိုက်တယ်။ ရလဒ်အနေဖြင့် နံနက်ခင်းတွင် ပင်ပန်းနွမ်းနယ်ပြီး သင့်စွမ်းအင်ကိုမြှင့်တင်ရန်အတွက် ကယ်လိုရီမြင့်မားသော သရေစာများကို တပ်မက်လိမ့်မယ်။ ဒီအရာကိုရှောင်ရှားလိုပါက အိပ်ရာပုံမှန်ဝင်ပြီး နေ့တိုင်းအချိန်မှန်နိုးထပါ။

၄။ဖုန်းScreenကြည့်ခြင်းရှောင်ရှားပါ

ညအမှောင်ထဲမှာ စမတ်ဖုန်း သုံးတာများသူတွေ မျက်လုံး ကင်ဆာဖြစ်နိုင်

Melatonin ထုတ်လုပ်မှုကို အနှောင့်အယှက်ပေးတဲ့အရာတွေက တစ်ခုတည်းမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့စမတ်ဖုန်းများမှ အလင်းကလည်း ကျွန်ုပ်တို့ကောင်းမွန်စွာ အိပ်မရနိုင်တဲ့ နောက်အကြောင်းရင်းတစ်ခုဖြစ်တယ်။ ကျွန်ုပ်တို့၏စမတ်ဖုန်းများမှအပြာရောင်အလင်းက melatonin ထုတ်လုပ်မှုကို နှောင့်နှေးစေကြောင်းသက်သေပြနိုင်ခဲ့တယ်။ ဒါကြောင့် အိပ်ပျော်ဖို့အချိန်ပိုယူရပြီး မနက်ခင်းတွင်လည်း သင်မောပန်းပြီး နိုးထ လာမှာဖြစ်တယ်။ ဖုန်းscreen ကြည့်တာကို သင်မအိပ်ခင် ၂ နာရီခန့်ခြားပြီးကြည့်ပါ။ ဖုန်း ၊တက်ဘလက်များကို စာအုပ်ဖတ်ခြင်းဖြင့်အစားထိုးပါ။ အဲဒီနောက်သိပ်မကြာခင်မှာပဲ သင့်ကိုအိပ်ပျော်ဖို့တောင်းဆိုနေတဲ့ melatonin ကိုသင်ခံစားရပါလိမ့်မယ်။