ပိန်ပိန်ပါးပါး နဲ့ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို လူတိုင်းလိုချင်ကြတာပါပဲ။ ဒီတော့ အစားအစာလမ်းညွှန်အတိုင်းလုပ်ကြတယ် Gym ဆော့ကြတယ် လမ်းလျှောက်ကြတယ်။ ဒါပေမဲ့ ပိန်တဲ့သူတိုင်းလည်း ဝမ်းဗိုက်မှာအဆီမရှိတာ မဟုတ်ပါဘူးနော်။

ကိုယ်အလေးချိန် လျှော့ချတယ်ဆိုတာလည်း အလှအပတစ်ခုတည်းအတွက်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးရှိပါတယ်။

ဝမ်းဗိုက်ကအဆီတွေ ဖယ်ရှားပြီး ဗိုက်သားချပ်ချပ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ ၄ ခွက်

ဂျင်း ၁ စိတ် (အခွံနွှာပြီး လှီးပြီးသား)

သံပုယိုသီး ၁ လုံး

ပြုလုပ်နည်း

အိုးတစ်လုံးထဲမှာ ရေနဲ့ ဂျင်းကိုရောပြီး ဆူအောင်တည်ပါ။ ဆူပြီးရင် အပူချိန်ကိုမလျှော့ဘဲ ၁၀ မိနစ်လောက် ထပ်သည်ထားပါ။ ပြီးမီးဖိုပေါ်ကချပြီး အအေးခံပါ။ သံပုယိုသီးအရည်ညှစ်ပြီး ပျားရည်ထည့်ပါ။ သေချာအောင်မွှေလိုက်ပြီး မနက်စာမစားခင် ၁ ခွက်နဲ့ ညစာမစားခင် ၁ ခွက်သောက်ပေးပါ။

ဝမ်းဗိုက်ကအဆီတွေ သိသိသာသာ လျှော့ကျသွားပါလိမ့်မယ်။

Source: thedoctorasky.com