တခါတလေမှာ သင့်ရဲ့ဆံကေသာလေးတွေက အပေါ်ယံကကြည့်ရင် ထိခိုက်ပျက်စီးနေတယ်လို့ မထင်ရပါဘူး။ ကျန်းမာသန်စွမ်းတဲ့ဆံကေသာနဲ့ ကျန်းမာသန်စွမ်းမှုမရှိတဲ့ ဆံကေသာနှစ်မျိုးကိုခွဲခြားနိုင်ဖို့အတွက် ဆံကေသာထိခိုက်ပျက်စီးနေတဲ့ လက္ခဏာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

  • ဆံဖျားနှစ်ခွဖြစ်ခြင်း၊ ဆံသားကျျိုးကြေလွယ်ခြင်း၊ ပြတ်လွယ်ခြင်း။
  • ဆံပင်အရင်းကနေမဟုတ်ဘဲ အဖျျားလေးတွေကနေ ကျျိုးကြေခြင်း၊ ဆံပင်ကျွတ်ခြင်း။
  • ဆံပင်တွန့်ကြေ ရှုပ်ထွေးခြင်း။
  • ဆံကေသာ တောက်ပြောင်မှုမရှိခြင်း။

အထက်မှာဖော်ပြခဲ့သလိုပဲ ဆံပင်ကိုထိတွေ့ကိုင်တွယ်လိုက်တဲ့အခါ ကြမ်းတမ်းနေတာ၊ ဆံပင်ကျိုးကြေနေတာတွေဟာ ဆံကေသာ ပျက်စီးတာတွေရဲ့ လက္ခဏာရပ်တွေပါပဲ။ ဒါတင်မကသေးပါဘူး။ ဆံသားခြောက်သွေ့တာဟာလည်း ဆံသားပျက်စီးခြင်းရဲ့ လက္ခဏာရပ်တစ်ခုထဲမှာပါဝင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ဆံပင်အဖျားနှစ်ခွဖြစ်တာမျိုးရှိမှာမဟုတ်ပါဘူး။

ဆံပင်ရှည်တဲ့သူတွေပဲဖြစ်ဖြစ်၊ ဆံပင်တိုတဲ့သူတွေပဲဖြစ်ဖြစ်၊ ဆံကေသာထိခိုက်ပျျက်စီးနေပြီလားဆိုတာ အလွယ်ကူဆုံး သိနိုင်မယ့် နည်းလမ်းကတော့ ဆံပင်ဖြီးလိုက်တဲ့အခါ ခေါင်းဘီးမှာ ဆံပင်တွေ အမျျားကြီး ကျွတ်ကျန်ခဲ့ခြင်း ရှိမရှိပါပဲ။ ကိုယ့်ရဲ့ ဆံပင်ထိခိုက်ပျက်စီးမှုရှိတယ်၊ မရှိဘူးဆိုတာ ခေါင်းဘီးကိုအမြဲတမ်းကြည့်ပြီး စစ်ဆေးပေးသင့်ပါတယ်။ ဆံသားထိခိုက်ပျက်စီးမှုရှိတယ်ဆိုရင်တော့ ကျွတ်သွားတဲ့ဆံပင်တွေ၊ ပြတ်သွားတဲ့ဆံပင်တွေဟာ ခေါင်းဘီးမှာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆံကေသာ ထိခိုက်ပျက်စီးစေတဲ့ တခြားအကြောင်းအရင်းတွေကိုလည်း သိထားဖို့လိုအပ်ပါတယ်။

ဆံပင်ဘာကြောင့် ထိခိုက်ပျက်စီးရသလဲ။

ပတ်ဝန်းကျင်အခြေအနေ

ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကြောင့်၊ နေရောင်ခြည်ကိုထိတွေ့တာကြောင့်၊ လေ၊ ဖုန်နဲ့ အညစ်အကြေးတွေကြောင့်လည်း ဆံကေသာ ထိခိုက်ပျက်စီး စေသလို ကလိုရင်းပါဝင်တဲ့ ရေနဲ့ ဆားငန်ရေကလည်း ဆံကေသာထိခိုက်ပျျက်စီးစေပါတယ်။

ဆံကေသာ ထိန်းသိမ်းမှု မှားယွင်းခြင်း

ခေါင်းလျှော်ရည်ရွေးချယ်မှုမှားယွင်းတာ၊ ဆံပင်ပုံသွင်းတာ၊ လေမှုတ်စက်နဲ့ ဆံပင်အခြောက်ခံတာ၊ ဓာတုပစ္စည်းတွေနဲ့ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက် လုပ်ပေးတာတွေဟာ ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။

ခန္ဓာကိုယ်ကျန်းမာရေးပြဿနာကြောင့်

စိတ်ဖိစီးမှုများခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အာဟာရညီညွတ်မျှတအောင်မစားခြင်း၊ သိုင်းရွိုက်ဟော်မုန်းရောဂါ စတဲ့ ခန္ဓာကိုယ်ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဆံပင်ထိခိုက်ပျက်စီးတာမျိုးဖြစ်စေပါတယ်။