အပျင်းကြီးတယ်ဆိုတာ တစ်ချိန်လုံးအိပ်တစ်ချိန်လုံးစားပြီး ဘာအလုပ်မှမလုပ်ပဲနေတာမျိုးကိုပဲ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ တစ်ခုခုလုပ်စရာရှိရင်တောင် ရသလောက်အချိန်ဆွဲနေတာမျိုးကိုလည်း ငပျင်းလေးတွေလို့ခေါ်ပါသေးတယ်။ ဝိတ်လျော့တော့မယ်ဆိုပြီး ပါးစပ်ကတစ်ဖွဖွအော်နေပေမယ့် Gym သွားဖို့နေနေသာသာ လမ်းလေ ျှာက်ရမှာကိုတောင် ပျင်းနေကြတဲ့ကောင်မလေးတွေအတွက် လိုက်နာဖို့လိုအပ်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အစားမစားခင်အချိန်မှာရေတစ်ခွက်သောက်ပေးပါ

တစ်ခုခုစားတော့မယ်ဆိုရင် ရေတစ်ခွက်ကို အပြည့်အဝသောက်ပေးဖို့လိုပါတယ်။ ဒီနည်းလမ်းက ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ဗိုက်ထဲမှာရေတွေပြည့်သွားတာကြောင့် အစားကိုလည်းသိပ်ပြီးတော့ မစားမိစေနိုင်တော့ဘူးပေါ့။

စိတ်ဖိစီးမှုနည်းအောင်

အချိန်အကြာကြီး စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို ခံစားနေရတာတွေက ကိုယ်အလေးချိန်ကိုတိုးလာစေနိုင်တဲ့ အဓိကအကြောင်းအရင်းလို့ ဆိုလို့ရပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေရှိလာရင်တောင် ပျော်စရာနည်းလမ်းလေးတွေရှာပြီး နေနိုင်ဖို့ကိုကြိုးစားကြည့်ပါနော်။

စားသောက်မှုကိုပြောင်းကြည့်

စားသောက်မှုစနစ်ကိုဖြည်းဖြည်းချင်းပြောင်းကြည့်ဖို့ ကြိုးစားကြည့်ပါ။ နည်းနည်းချင်းစီလျော့စားသွားမျိုး ကော်ဖီသောက်မယ့်အချိန်မျိုးမှာ ကော်ဖီအစား ရေနွေးကြမ်း ဒါမှမဟုတ် အသီးဖျော်ရည်တွေကို အစားထိုးပြီး သောက်သုံးတာမျိုးကို စတင်လေ့ကျင့်သင့်ပါတယ်။

အဝတ်အစားပွပွတွေ

အဝတ်အစားဝတ်တဲ့အခါမှာ ပွပွကြီးတွေဝတ်တာမျိုးကို ရှောင်ပြီးတော့ ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်နေတာမျိုးတွေကိုလည်း ဝတ်ကြည့်ဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်ဘယ်လောက်ဝနေလဲဆိုတာကို သိပြီးဝိတ်လျော့ဖို့ကို စိတ်အားထက်သန်လာမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း

Gym သွားဖို့ကိုပျင်းနေတယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိနေတဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေဖို့ လေ့ကျင့်ခန်းလေးတော့ ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ မနက်ပိုင်းမှာ လမ်းထလေ ျှာက်တာမျိုး၊ ကြိုးခုန်တဲ့လေ့ကျင့်ခန်း၊ လှေကားတက်တာမျိုး စတဲ့လေ့ကျင့်ခန်းတွေကိုတော့ ပုံမှန်လုပ်ပေးဖို့လိုပါတယ်နော်။

Photo Source: Pinterest