ဆံပင်ဆေးဆိုးထားတဲ့သူပဲ ဖြစ်ဖြစ် မဆိုးထားတဲ့သူပဲဖြစ်ဖြစ် ဒီနည်းလမ်းကိုသုံးလို့ရပါတယ်။ မွဲခြောက်ခြောက်ကြီးဖြစ်နေတဲ့ ဆံသားကို ပိုပြီး အရောင်တောက်ချင်တယ်ဆိုရင် ဒီနည်းလမ်းလေးက အဆင်ပြေပါတယ်။

သံပုယိုသီးမှာပါဝင်တဲ့ အက်ဆစ်ဓါတ်က ဆံနွယ်လေးတွေရဲ့ အရောင်ကို ပိုပြီး တောက်ပြောင်စေပါတယ်။

ပုံမှန် ဆံသားပိုင်ရှင်နဲ့ အဆီပြန်တဲ့ ဆံသားပိုင်ရှင်တွေအတွက် နည်းလမ်းတစ်ခုချင်းဆီကို ဖော်ပြပေးသွားမှာပါ။

ပုံမှန်ဆံသား

သံပုယိုရည် တစ်ခွက် (သံပုယိုသီး ၄ လုံးခန့်ကို အရည်ညှစ်ပါ)

ရေနွေး ခွက် ၄ပုံ၁ပုံ

ပြုလုပ်နည်း

ပါဝင်ပစ္စည်း ၂ မျိုးကို ရောလိုက်ပါ။ ပြီးရင် စပရေးဘူးထဲကို လောင်းထည့်ပါ။

အဲဒီနောက် ဆံသားပေါ်ကို ဖြန်းပေးပါ။ ပြီးရင် လက်နဲ့ သေချာနှိပ်နယ်ပေးပြီး နေရောင်ချည်အောက်မှာ ၁ နာရီ ၂ နာရီခန့် ထိုင်နေပါ။

အဲလိုထိုင်နေတဲ့အချိန်မှာ အသားအရေကို နေလောင်ကာတဲ့ ခရင်မ်လိမ်းပေးထားပါ။

ပြီးရင် နေရိပ်ထဲ နာရီဝက်လောက်ပြန်နေပြီး ခေါင်းလျှော်ချပါ။ ပြီးရင် ပေါင်းဆေးသုံးပါ။

တစ်ပတ်ကို တစ်ခါလုပ်ပေးပါ။ ဆံပင်တွေတောက်ပြောင်လာပါလိမ့်မယ်။

ခြောက်သွေ့တဲ့ဆံသား

သံပုယိုရည် တစ်ခွက် (သံပုယိုသီး ၄ လုံးခန့်ကို အရည်ညှစ်ပါ)

ပေါင်းဆေး ခွက် ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ရောလိုက်ပါ။

ပြီးရင် ပုခုံးသားတစ်ဝိုက်ကို တဘက်နဲ့ ပတ်လိုက်ပါ။ လက်ကိုအသုံးပြုပြီး ဆံပင်တွေကို သေချာပွတ်လိမ်းပေးပါ။ စောစောကလိုပဲ နေရောင်အောက်မှာ ၁ နာရီ ၂ နာရီခန့်နေပါ။

ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချပြီး ပေါင်းဆေးထပ်သုံးပါ။

တစ်ပတ်ကိုတစ်ခါလောက်လုပ်ပေးပါ။

သံပုယိုသီးကို အရည်ညှစ်ပြီး ဆံနွယ်ပေါ်မှာလိမ်းပေးပါ။ ပြီးရင် နေရောင်ထဲမှာ ခဏနေပြီး ခေါင်းလျှော်ချပါ။