ဦးရေပြား အဆီပြန်လွန်းလို့ ခေါင်းမကြာခဏဆိုသလို လျှော်နေရတာမျိုးကို စိတ်ကုန်နေပြီလား။ ခေါင်းနေ့တိုင်းလျှော်ပေးတာဟာ မကောင်းပါဘူး။ ၂ ရက်ခြားစီလောက် လျှော်ပေးသင့်ပါတယ်။ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ အစားအသောက်

ဦးရေပြား အဆီပြန်တာဟာ သင်စားတဲ့အစားအသောက်တွေနဲ့လည်း ဆက်စပ်နေတာ မမေ့ပါနဲ့။ အဆီများတဲ့အစားအစာ၊ ကြော်ထားတဲ့အစားစာ၊ သကြား၊ ဆီသွပ်ဘူးတွေ စားတာကို ရှောင်ပေးပါ။ အသီးအနှံ၊ နို့၊ အခွံမာသီး များများစားပါ။

၂။ dry shampoo သုံးပါ

Dry Shampoo ကို ဆံပင်အမြစ်ကနေ စပြီးသုံးပေးပါ။ ဆံပင်အမြစ်လေးတွေကို ခွဲပြီး ဖြန်းပေးတာမျိုးလုပ်နိုင်ပါတယ်။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ခေါင်းဖြီးချပါ။

၃။ ရေနွေးနဲ့ လုံးဝခေါင်းမလျှော်ပါနဲ့

ရေနွေးနဲ့ လျှော်တာဟာ သင့်ဦးရေပြားကို ပိုပြီးနူးစေပြီး ဆံပင်ကျွတ်စေပါတယ်။ ဒါ့အပြင် ဦးရေပြားကို အမြန်ဆုံး အဆီပြန်စေပါတယ်။

၄။ ဆံပင်ကို စည်းထား ၊ ကျစ်ထားပါ

ဦးရေပြား အဆီပြန်နေပေမယ့် ခေါင်းမလျှော်ချင်သေးရင် ဆံပင်ကို စည်းထား ၊ ကျစ်ထားပါ။ ခပ်မြင့်မြင့်လေး စည်းပေးထားတာဟာ ပိုကောင်းပါတယ်။

၅။ ခေါင်းဘီးကို သေချာဆေးပါ

ခေါင်းဘီးကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်ပုံမှန်သန့်စင်ပါ။ ခေါင်းဘီးမှာ ရှိနေတဲ့ အညစ်အကြေးတွေဟာ သန့်ရှင်းနေတဲ့ သင့်ဆံပင်ကို ညစ်ပေသွားစေနိုင်ပါတယ်။

၆။ အိပ်ယာမဝင်ခင်ခေါင်းဘီးပါ

အိပ်ယာမဝင်ခင် ခေါင်းဘီးပေးတာပါ။ ပြီးရင် ဆံပင်ကို ကျစ်ဆံမြီးကျစ်ပေးထားပါ။

၇။ ဆံပင်ဖြောင့်စက် ကောက်စက်တွေကိုရှောင်ပါ

ဆံပင်ဖြောင့်စက် ၊ ကောက်စက်တွေ ဆံပင်ပုံသွင်းစက်တွေ၊ စပရေးတွေကို ရှောင်ပေးပါ။

၈။ ခေါင်းကို သေချာပြောင်အောင်လျှော်ပါ

အဆီပြန်ရတဲ့ အကြောင်းရင် နောက်တစ်ခုကတော့ ခေါင်းကို ပြောင်အောင်မလျှော်တာပါပဲ။ ရေသေချာလောင်းပါ။ လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို နှိပ်ပေးပါ။ ပေါင်းဆေးကိုလည်း ဆံပင်အဖျားလေးတွေကို ပဲလိမ်းပေးရပါတယ်။

၉။ အသုံးဝင်တဲ့နည်းလမ်းတွေ

ဆီကြော်နံ့တွေ၊ ဟင်းနံ့တွေ ၊ အညှော်နံ့တွေ စွဲနိုင်တဲ့နေရာမှာ မနေပါနဲ့။ တကယ်လို့ ကိုယ်တိုင် ဟင်းချက်မယ်ဆိုရင်လည်း ဆံပင်ကို သေချာလေး ဖုံးအုပ်ထားပါ။ ရေအေးအေးနဲ့ လောင်းချပါ။ ဆံပင်ခြောက်စက်ကို သုံးတဲ့အခါ အပူချိန်လျှော့သုံးပါ။ရေများများသောက်ပါ။