ဒီနေ့ခေတ်မှာ ဓါတုပစ္စည်းတွေပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ အသုံးများလို့ ဦးရေပြား ခြောက်သွေ့တာ ဆံသားခြောက်သွေ့တာ တွေ ကြုံတွေ့လာကြရပါတယ်။


ဒါဆို ဘယ်လိုကျော်လွှားကြမလဲ။

ဒီအတွက် နည်းလမ်းကောင်း ၃ ခုကို မျှဝေပေးချင်ပါတယ်။

၁။ သင့်ရဲ့အကောင်းဆုံးမိတ်ဆွေ ဆံပင်ပျော့ဆေး

ခေါင်းလျှော်ပြီးတိုင်း ဆံပင်ပေါ့ဆေး (သို့) ပေါင်းဆေးသုံးပေးသင့်ပါတယ်။ ပျော့ဆေး (သို့) ပေါင်းဆေးသုံးပေးပြီး ၃ မိနစ်လောက်ထားကာ ခေါင်းလျှော်ချရမှာပါ။ ဒါဆိုရင်တော့ ဆံသားခြောက်သွေ့တာတွေအတွက် သိပ်ကို အသုံးဝင်ပါတယ်။

၂။ ဆံပင်ဖြောင့်စက် (သို့) ဆံပင်ပုံသွင်းတဲ့စက်တွေ

ဆံပင်ဖြောင့်စက်တွေ ဆံပင်ကောက်စက်တွေကို တတ်နိုင်သမျှအသုံးမပြုတာအကောင်းဆုံးပါပဲ။ ဒါဟာ ဆံသားခြောက်သွေ့စေတဲ့အပြင် အဖျားနှစ်ခွဖြစ်စေပါတယ်။

၃။ ဆံပင်ပေါင်းပေးပါ

တစ်ပတ်ကို တစ်ခါလောက် ဆံပင်ပေါင်းပေးသင့်ပါတယ်။ ဆံပင်တောက်ပြောင်စေတဲ့ ခေါင်းလိမ်းဆီတွေ (သို့) အုန်းဆီကို နာရီဝက်လောက် လိမ်းပေးထားပြီး ခေါင်းလျှော်ချသင့်ပါတယ်။ ဒါမှမဟုတ် ဆိုင်မှာ ဆံပင်ပေါင်းတာဖြစ်ဖြစ် မိမိအိမ်မှာ သဘာဝပစ္စည်းလေးတွေရောစပ်ပြီး ပေါင်းတာဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။