လူတိုင်း လှပပြီး ဆွဲဆောင်မှုရှိတဲ့ သွားကိုပိုင်ဆိုင်ချင်ကြပါတယ်။ သွားလေးတွေ ဖြူဖွေးလှပနေတာဟာလည်း သင့်ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါ့ကြောင့်စာဖတ်သူတို့အတွက် အသုံးဝင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ နနွင်း

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောလိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ ခံတွင်းနံ့သင်းစေမှာဖြစ်ပြီး သွားကိုလည်း ကျန်းမာစေမှာဖြစ်ပါတယ်။

၂။ စတော်ဘယ်ရီ

စတော်ဘယ်ရီကို ဇွန်းနဲ့ ပြဲအောင်လုပ်ပေးလိုက်ပါ။ ပြီးရင် ဆားနည်းနည်းနဲ့ရောလိုက်ပြီး သွားတိုက်တံပေါ်တင်လိုက်ပါ။ ပြီးရင်သွားကို ခပ်ဖွဖွလေးတိုက်ပေးပါ။ သွားကြွှေလွာကို ကျန်းမာစေမှာဖြစ်ပါတယ်။ ၂ ပတ် ၁ ခါလုပ်ပေးပါ။

၃။ အုန်းဆီ

အုန်းဆီကို သွားမတိုက်ခင် ၁၅ မိနစ် မိနစ် ၂၀ လောက်ငုံပေးထားပါ။ ပြီးမှ သွားတိုက်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

၄။ ငှက်ပျောခွံ

ငှက်ပျောခွံနဲ့ သွားမျက်နှာပြင်ကို ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ၅ မိနစ်ကနေ ၇ မိနစ်လောက်ထိစောင့်ပြီး သွားတိုက်ပေးပါ။ နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။

မှတ်ချက်။       ။ သွားတိုက်ရင် အနည်းဆုံး ၂ မိနစ်လောက်အချိန်ယူတိုက်ပေးရမှာပါ။