သွားကိုက်ပြီဆိုရင် အစာလည်းကောင်းကောင်းစားလို့မရ၊ နေလို့ထိုင်လို့လည်းမကောင်းဖြစ်တတ်ပါတယ်။ သွားကိုက်ရင် ဆေးခန်းတောင် သွားစရာမလိုပါဘူး။ ကိုယ့်အိမ်မှာရှိနေတာတွေနဲ့ ပျောက်သွားအောင် ပြုလုပ်လို့ရပါတယ်။ ဒါကြောင့် ဆိုးဝါးတဲ့ သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေမယ့် သဘာဝနည်းလမ်း (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဆား

ဖန်ခွက်တစ်ခွက်ထဲကို ရေနွေးထည့်ပြီး ဆား – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး မွှေလိုက်ပါ။ ပြီးတာနဲ့ အဲ့ဒီဆားဖျော်ရည်ကို ပါးစပ်ထဲမှာ ငုံပေးထားပြီး ပလုတ်ကျင်းကာထွေးထုတ်လိုက်ပါ။ ကြာကြာလေးငုံထားပြီး ဖန်ခွက်တစ်ခွက်လုံးကုန်အောင် လုပ်ပေးရပါမယ်။ ဒီနည်းလမ်းကတော့ လူတိုင်းလည်းသိပြီးသားဖြစ်မှာပါ။

လက်ဖက်ရည်အထုပ်

လက်ဖက်ရည်အထုပ်လေးတွေကို ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားပေးပါ။ အေးနေတဲ့ လက်ဖက်ရည်အထုပ်နဲ့ နာကျင်တဲ့နေရာမှာကပ်ပေးရင်တော့ သွားကိုက်တာသက်သာစေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကို အခွံခွာပြီး သေးသေးလေးလှီးကာ သွားကိုက်နေတဲ့နေရာထဲကို ထည့်ကိုက်ပြီး ငုံထားမယ်ဆိုရင်တော့ သွားကိုက်တာကို သက်သာစေပါတယ်။

ရေခဲ

သွားကိုက်တဲ့နေရာကို ပါးပြင်ပေါ်ကနေ ရေခဲကပ်ပေးတာကလည်း သွားကိုက်တာကို သက်သာစေပါတယ်။ ရေခဲကို မိနစ် ၂၀ ကြာအောင် ကပ်ပေးဖို့တော့ လိုပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူတစ်တက်ကို သွားကိုက်နေတဲ့နေရာမှာ ကိုက်ပြီး ခဏလောက်ငုံထားပေးရင်လည်း သွားကိုက်တာကို သက်သာစေပါတယ်။

Photo Source: www.brightside.me