သွားကိုက်ဝေဒနာဟာ တော်တော်လေးကို နေရထိုင်ရခက်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ထိုင်နေလည်းကိုက် လှဲနေလည်းကိုက်တဲ့ဝေဒနာကြောင့် ဘာမှလုပ်မရအောင်ကိုအတော်လေးခံစားရခက်စေပါတယ်။ဒီလိုဆိုးရွားလှတဲ့ သွားကိုက်ဝေဒနာကို အချိန်တိုအတွင်းသက်သာသွားစေမယ့် အိမ်တွင်း ကုထုံးလေးတွေကို သိချင်တယ်ဆိုရင်တော့ အောက်ကအချက်လေးတွေကိုဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) ဆားရည်နဲ့ပလုပ်ကျင်းပါ

ဆားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ သဘာဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး သွားကိုက်ဝေဒနာကို အမြန်ဆုံးသက်သာ ပျောက်ကင်းစေမယ့် အထိရောက်ဆုံး ဆေးစွမ်းကောင်းတစ်လက်လည်းဖြစ်ပါတယ်။ရေနွေးတစ်ဖန်ခွက်ထဲသို့ဆားစားပွဲတင်ဇွန်း ၂ ဇွန်းခန့်ရောထည့် မွှေပြီး ပလုပ်ကျင်းပေးပါ။ မိနစ်ပိုင်းအတွင်း သွားကိုက်ဝေဒနာသက်သာသွားမှာဖြစ်သလို သွားဖုံးယောင်ခြင်းဝေဒနာတွေကို အမြန်ဆုံးသက်သာစေမှာ ဖြစ်ပါတယ်။

(၂) လေးညှင်းဆီထည့်ပါ

လေးညှင်းဆီကိုလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သွားကိုက်ဝေဒနာသက်သာစေတဲ့ ဆေးတစ်လက် အဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ လေးညှင်းဆီဟာ သွားကြားတွေမှာရှိတဲ့ ပိုးမွှားတွေကို အထိရောက်ဆုံးသေစေနိုင်တဲ့အပြင် သွားကိုက်ဝေဒနာကို အမြန်ဆုံးသက်သာစေမှာ ဖြစ်ပါတယ်။လေးညှင်းဆီ၂စက်ခန့်ကို ဂွမ်းစပေါ်သို့တင်ပြီး ကိုက်နေတဲ့သွားကြားအတွင်းထည့်ကာ ငုံထားလိုက်ပါ။သွားကိုက်ဝေဒနာ အမြန်ဆုံး သက်သာစေမှာဖြစ်ပါတယ်။

(၃) ရေခဲဝတ်ကပ်ပါ

ရေခဲတုံးကိုအဝတ်အုပ်ပြီး ကိုက်နေတဲ့နေရာတစ်ဝိုက်ကို ရေခဲဝတ်ကပ်ပေးကလည်း သွားကိုက်ဝေဒနာသက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ အအေးဓာတ်ကယောင်ရမ်းနာကျင်မှုတွေကို လျော့ကျစေတဲ့အပြင် သွားကိုက်ဝေဒနာကိုသက်သာသွားစေပြီး နေသာထိုင်သာ ရှိစေပါတယ်။ဒါကြောင့် ရေခဲတုံးကိုအဝတ်နဲ့အုပ်ပြီး သွားကိုက်နေတဲ့နေရာကို ၁၅ မိနစ်ခန့် နားနားပြီးကပ်ပေးပါ။

(၄) ကြက်သွန်ဖြူ ငုံပေးပါ

ကြက်သွန်ဖြူဟာ ဆေးဖက်ဝင်တဲ့ မီးဖိုချောင်သုံး အမယ်တစ်မျိုးဖြစ်ပြီး နာကျင်ကိုက်ခဲမှုတွေကို အထိရောက်ဆုံးသက်သာစေတဲ့ သဘာဝဆေးကောင်း တစ်လက်ဖြစ်ပါတယ်။ကြက်သွန်ဖြူကို ခပ်ပါးပါးလှီးပြီး ကိုက်နေတဲ့သွားနေရာမှာ ထည့်ပြီးငုံထားပေးရမှာဖြစ်ပါတယ်။ အနံ့ဆိုးပေမယ့် သွားကိုက် ဝေဒနာကိုတော့အထိရောက်ဆုံးသက်သာစေမှာဖြစ်ပါတယ်။

Source : Brightside