အချိန်ကြာလာတာနဲ့အမျှ သွားတွေအဝါရောင်ပြောင်းလာခြင်းက သဘာဝဖြစ်ပြီး ခံတွင်းသန့်ရှင်းမှုမရှိတာလို့ကြောင့်တော့ အမြဲတမ်းပြောနေလို့မရပါဘူး။ အချိုဓာတ်နှင့် အချဉ်ဓာတ်ရှိတဲ့ အစားအစာတွေက သွားတွေကို ဝါထေးလာစေနိုင်ပြီး ဆေးလိပ်သောက်ခြင်း၊ ကော်ဖီအများကြီးသောက်ခြင်းတို့ကလည်း သင့်ရဲ့အပြုံးလေးတွေကို အရောင်မှေးမှိန်သွားစေနိုင်ပါတယ်။

ဒါကြောင့် လူအများကြား သွားလာရတဲ့အခါမှာ ရှက်ရွံ့နေခြင်းမျိုးမဖြစ်ရအောင် နှစ်မိနစ်အချိန်ပေးရုံနဲ့ သွားလေးတွေဖြူဖွေးလာစေဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

နည်းလမ်း (၁) – မုန့်ဖုတ်ဆိုဒါ

ကြမ်းတမ်းတဲ့အထိအတွေ့ရှိတဲ့ မုန့်ဖုတ်ဆိုဒါက သွားအတွင်းအညစ်အကြေးတွေ စုပုံလာတာကို သန့်ရှင်းပေးနိုင်ပြီး သွားကြွေရည်ပေါ်မှ အစွန်းအထင်းတွေကို ဖယ်ရှားပေးပါတယ်။

မုန့်ဖုတ်ဆိုဒါနှင့် သံပုယိုရည်

မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ထားသည့် ပန်းကန်လုံးထဲကို သံပုယိုသီးတခြမ်း အရည်ညှစ်ထည့်ပါ။ ရောသမအောင် မွှေပြီးရင် အမြှုပ်ထွက်တာငြိမ်အောင်ထားလိုက်ပါ။ ရလာတဲ့အနှစ်ကို သွားတိုက်တံပေါ်တင်ပြီး သွားတစ်ခုလုံးနှံ့အောင် ဖြည်းဖြည်းချင်းပွတ်ပေးပါ။ ၁ မိနစ်ထားပြီးရင် ပါးစပ်သေချာကျင်းလိုက်ပါ။ ရလဒ်ကောင်းတွေအတွက် တပတ်လျှင် တစ်ကြိမ်ကို တစ်လပြုလုပ်ပေးပါ။

မုန့်ဖုတ်ဆိုဒါနှင့် ပန်းသီးရှာလကာရည်

ပန်းကန်လုံးထဲတွင် မုန့်ဖုတ်ဆိုဒါနှင့် ပန်းသီးရှာလကာရည်တို့ကို နှံ့အောင်မွှေပေးပြီး သွားကိုဖြည်းဖြည်းချင်းတိုက်ပေးကာ သေချာပလုတ်ကျင်းပစ်ပါ။ တပတ်လျှင် တစ်ကြိမ်ကို စိတ်ရှည်ရှည်နှင့် တစ်လ သို့မဟုတ် နှစ်လလုပ်ပေးဖို့လိုအပ်ပါတယ်။

နည်းလမ်း (၂) ငှက်ပျောခွံ

ငှက်ပျောခွံရဲ့ အတွင်းသားကို သွားမှာ မိနစ်အနည်းငယ်လောက် ပွတ်တိုက်ပေးပါ။ တပတ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပြုလုပ်ပေးပါ။

ငှက်ပျောခွံက မဂ္ဂနီဆီယမ်၊ Manganese နှင့် ပိုတက်စီယမ်တို့ကြွယ်ဝလို့ သွားကြွေရည်ကို ထိန်းသိမ်းပေးပြီး အပြုံးလေးများကို ပြန်လည်ဝင်းပလာစေမှာပါ။

Credit: FabHow